Skip to content

တဏှာကို နယ်လေးပါး နဲ့ ပိုင်းခြားလိုလျှင်

January 21, 2010

တဏှာ-ဟူသောစကား ကိုကြားသိ သောအခါ၊ ( မသိခြင်း) အထင်။ (ကောင်းခြင်း)အထင်၊ (ဆိုးခြင်း) အထင် ဟူသော ၊ အထင် အားလုံးသည် ၊ အဝိဇ္ဇာမာန ပညတ်နယ်ဟု ခေါ်ပါတယ်။ ကိုယ်ထင်ရာကို (ဒါပဲဟုတ်တယ်-ကျန်တာတွေမဟုတ်ဘူး) ဟု အဟုတ်ထင်ခြင်းသည် ၊ အဝိဇ္ဇာ ဟုခေါ်ပါတယ်။ ( အထင်တွေဟာ ၊ အရှိတွေ မဟုတ်ဘူး) ဟု ဘာ မှ မဟုတ်မှန်း သိခြင်း သည်၊ (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

တဏှာ = ဟူသောစကားမှာ၊အကောင်း အဆိုး မရှိပါ။ ကောင်းတယ် ၊ဆိုးတယ်ဟု သတ်မှတ် ခြင်း သည်၊ အထင်အကြောင်းကို အမှန်မသိသောကြောင့်ဖြစ်ပါတယ်။ စကားလုံး တိုင်းကို ၊ဤကဲ့သို့နားလည်ပါ။ အကောင်းအဆိုးထဲ ဝင်ပြီး ၊ အဟုတ်ထင်နေသမျှ ၊အဝိဇ္ဇာမာန ပညတ်နယ်က လုံးဝ မတက်နိုင်ပါဘူး။

တဏှာ ၏ အဓိပ္ပါယ်မှာ ၊ အဟုတ်ထင်ခြင်း ကို အမှီပြုပြီး ၊ ကျေနပ်ခြင်း အစဉ်ကို၊ (တဏှာ) ဟုခေါ်ပါတယ်။ ဤကျေနပ်ခြင်း အစဉ်ကို ၊ (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။ ဤ အစဉ်လေးကို အဟုတ်ထင်လျှင် အဝိဇ္ဇာ ဖြစ်ပြီး ၊ ( ဘာမှ မဟုတ်ဘူး) ဟုသိခြင်း သည် ဝိဇ္ဇာ ဉာဏ်ဖြစ်ပါတယ်။

ကျေနပ်ပြီး ပျက်တဲ့သဘောလေးတွေ၊ အစိတ်ပေါင်း ကုဋေ တစ်သိန်းစုလိုက်မှ ၊တစ်စက္ကန့်သော ကျေနပ်ခြင်း၊ လောဘ ဖြစ်လာရပါတယ်။ တစ်ခုသော  ဖြစ်ပျက်သဘောလေးဟာ၊လောဘ ၏ ဘဝ အစဖြစ်ပါတယ်။

လောဘနဲ့ ပတ်သက်ပြီး၊ ကိုယ်ထင်တာတွေဟာ ဘာမှ မဟုတ်ဘူး၊ အထင်တွေသာ ဖြစ်ပါ တယ်။ ဖြစ်ပျက်သဘောလောက်တော့ စွမ်းအားရှိသေးတယ်၊ ထင်နေရင်၊ တဏှာ နဲ့ ပတ်သက် ပြီး သိစရာမဆုံးသေးသောကြောင့် ၊ အနတ္တနယ်၊ သုညနယ်၊ မဆိုက်သေးပါဘူး။ အတ္တနယ်သာရှိပါသေးတယ်။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ နယ်က မလွတ်သေးပါဘူး။

( ဝေဒနာ ပစ္စယာ – တဏှာ ) ဟူသည် နှင့် အညီ၊ တဏှာ သည် ဝေဒနာ မပါပဲ လုံးဝ ဖြစ်လို့ မရ၊ ဖြစ်နိုင်သော ကိုယ်ပိုင်စွမ်းအားလည်း လုံးဝ မရှိ။ ကာလ ( ၃) ပါး မှ ၊ တစ်ခုတည်းဖြစ်နိုင် တဲ့ အား မှ၊ ကုန်ပျက်နေသောကြောင့်၊ မူလပျက်သဘောသာရှိပါတော့ တယ်။ တဏှာ နဲ့ ပတ်သက်ပြီးသိစရာဆုံးသွားသောကြောင့် —–

အနတ္တ နယ်ရောက်သွားတယ်။ ထို အနတ္တနယ်ကိုပင် ၊ သုည နယ် ဟု နာမည်တပ်ထားပါ တယ်။ တဏှာ ကို ရန်သူလိုထင်ပြီး ၊ပယ်ချင်နေရင် လုံးဝ မရကြောင်း ကိုနားလည်သဘော ပေါက် လောက်ပါပြီ။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: