ဆရာတော်
မူလဓမ္မ-ဆရာတော် ဦးဝိဇယ ၏ ထေရုပ္ပတ္ထိ အကျဉ်းချုပ်
မူလဓမ္မ ဆရာတော်ဥိးဝိဇယ ကို ၁၃၃၈ -ခု ၊နယုန်လပြည့်ကျော် (၁၂)ရက် ဗုဒ္ဓဟူးနေ့ တွင်မွေးဖွား သန့်စင်ခဲ့ပါသည်။
ငယ်နာမည် မှာ မောင်ဆန်းဝင်းဖြစ်၍ မွေးချင်း (၅)ယောက်တွင် ပဉ္စမ မြောက်သားဖြစ်ပါသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ၊တောင်ကြားအုပ်စု၊ ကျေးအင်ရွာ ဇာတိ ဖြစ်ပါသည်။
ခမည်းတော် ဦးစိန်မောင်၊ မယ်တော် ဒေါ်အေးကျန် တို့မှ မီးရှုးသန့်စင်ဖွားမြင်ခဲ့ပါသည်။သာသနာဝင် သက္ကရာဇ် မှာ ၁၃၅၃ ခုနှစ် တွင်သာမဏေ ပြု ၍ ၁၃၅၇-ခုနှစ် တွင်ရဟန်းဖြစ်တော်မူပါသည်။
ဓမ္မာစရိယ နှင့် သကျသီဟ စာပေများကို လေ့လာ၍ ပရိယတ်နှင့် ပဋိပတ်ကို ပေါင်းစပ်၍ နယ် လှည့် တရားဟော ၊တရားပြ ၊တရားစာရေးသားခြင်း။ သာသနာပြု တာဝန်များကို ထမ်းဆောင် လျက်ရှိပါသည်။
ဆရာတော် ဘုရားသည် ယခုအခါ မန္တလေးတိုင်း၊ အမရပူရမြို့ ၊ဗားကရာ တိုက်၊ ဗိမာန် ရတနာကျောင်းတွင် သီတင်းသုံး တော်မူလျက်ရှိပါသည်။
Leave a Comment