ဝဋ် (၃)ပါး လည်ပတ်ပုံ
ဘဝရဲ့ အဓိပ္ပါယ်ကိုတိတိကျကျမသိအောင် အဝိဇ္ဇာ ကဖုံးလွှမ်းတဲ့အခါ ဘဝကိုအဓိပ္ပါယ်ရှိရှိ မနေနိုင်ကြပါဘူး။ အိုခြင်း၊ သေခြင်း ၏ အဆုံးကို မမြင်နိုင်သောကြောင့် အဝိဇ္ဇာ မာန ပညတ်နယ်က အိုခြင်း။သေခြင်း အထင်ပင် အဟုတ်ထင်သော အဝိဇ္ဇာ သဝဖြစ်ပါတယ်။
ကိုယ်စုထားတဲ့ မြေကြီးစာ ဖြစ်သော သက်ရှိသက်မဲ့ စီးပွားရေး တွေကို စွဲလန်းသော ကာမာသဝ ဖြစ်ပါတယ်။ သေရင်သွားရမဲ့ဘဝဟာ မသေချာသောကြောင့် လက်ရှိဘဝကို စွဲလန်းတဲ့ ဘဝါသဝ ဖြစ်ပါတယ်။ အကြောင်းအကျိုး နဲ့ ပတ်သက်ပြီး နည်းလေးပါးကို မသိသောကြောင့် အထင် အစွဲမျိုးစုံ ဒိဋ္ဌာသဝလည်းဖြစ်ပါတယ်။
ဤအာသဝတရား (၄) ပါးလွှမ်းမိုးလာသော အခါ
သောက= စိုးရိမ်ခြင်း၊
ပရိဒေဝ= ငိုကြွေးခြင်း၊
ဒုက္ခ= ဆင်းရဲခြင်း၊
ဒေါမနဿ= စိတ်နှလုံး မသက်သာခြင်း၊
ဥပါယာသ= ပြင်းစွာ ပင်ပန်းခြင်းတွေ ဖြစ်ပါတယ်။
ဘဝရဲ့ အဓိပ္ပါယ်ကို မသိပဲ အဓိပ္ပါယ်ရှိသော ဘဝကိုမရကြသော သတ္တဝါတွေ ရဲ့ သံသရာ ဟာ ချမ်းသာ လုံးဝမပါဘဲ၊ သီးသီးသန့်သန့် ဒုက္ခ အစုသာလျှင် ဖြစ်ပါတယ်။ ဘဝ၏ အဓိပ္ပါယ်ဖြစ်သော တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ် ပြီး တစ်စိတ်သော (ဖြစ်-တည်-ပျက်-သဘော ) ဘဝ အစစ်ထဲမှာ -စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊စိတ်မသက်သာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတွေပါနေသောကြောင့် ( ဘာမှ မဟုတ်ဘူး)ဟုအသိ ဥာဏ် ဝင်လိုက်လျှင် ၊ ပင်ပန်းဆင်းရဲမှုတွေအားလုံး ချုပ်ငြိမ်းပြီး ။ချမ်းသာခြင်းတွေ ဖြစ်လာပါလိမ့်မယ်။ အဓိပ္ပါယ်ရှိသော ဘဝကိုရလာပါလိမ့်မယ်ဘုရား။
ဓမ္မဓရ= ပဋိစ္စ သမုပ္ပါဒ် ကို နာကြားလိုက်တဲ့အတွက်ကြောင့် တန်ဘိုးဖြတ် မရသော ၊ အသိဥာဏ်ထူးတွေရလိုက်ပါတယ်။ ဝမ်းသာလို့မဆုံးဖြစ်မိပါတယ်။ကျေးဇူးဆပ်လို့လည်း ကျေနိုင်မှာ မဟုတ်ပါဘူး ဘုရား။
ဦးဝိဇယ= ဒီလောက်လေးဆွေးနွေးပေးတာနဲ့ အသိဥာဏ်တွေရအောင် ၊ ကြိုးစားအားထုတ်တဲ့ အရှင်ဘုရားကို တပည့်တော် အားရကျေနပ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အရာလေးတွေ ပြောပြပါအုံးမယ်ဘုရား။
ဝဋ် (၃)ပါး လည်ပတ်ပုံလေး နားထောင်ပါ ဘုရား။
(၁) အဝိဇ္ဇာ ၊ တဏှာ၊ ဥပါဒါန်= အဟုတ်ထင်ခြင်း၊ လိုချင်ခြင်း ၊ စွဲလန်းခြင်းကို ကိလေသာဝဋ် ခေါ်ပါတယ်။ နားလည်အောင်ပြောရရင် -(ဆာခြင်း)- ဖြစ်ပါတယ်။
(၂)ကမ္မဘဝ နှင့်သင်္ခါရ= ယခုဘဝ စွန့်ခြင်း၊ စွဲခြင်း နှင့် အတိတ်က စွန့်ခြင်း၊စွဲခြင်းကို ကမ္မဝဋ်ခေါ်ပါတယ်။ ( –(ရှာခြင်း)- လို့နားလည်ရပါမယ်။
(၃)ဝိဥာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ ၊ဝေဒနာ ၊ ဥပပတ္တိဘဝ။ဇာတိ၊ ဇရာ ၊ မရဏ=ဤ(၈) ပါးကို ဝိပါကဝဋ် ဟုခေါ်ပါတယ်။ (ရရှိ စောင့်ရှောက်၊ ပျက်စီးခြင်း) လို့ အတိုချုပ် မှတ်လို့ရပါတယ်။
ဆာခြင်းကြောင့် ရှာခြင်း ဖြစ်ရပါတယ်။ ရှာခြင်းကြောင့် ( ရရှိစောင့်ရှောက် ပျက်စီးခြင်း ဖြစ်ရပါတယ်။)ထပ်ပြီး ဆာခြင်း ဖြစ်ပြန်ပါတယ်။ ဆာခြင်းငြိမ်းရင် ရှာခြင်းငြိမ်းမယ်။ ရှာခြင်းငြိမ်းလျှင် ရရှိစောင့်ရှောက် ပျက်ဆီးခြင်း ၊ငြိမ်းပြီး သံသရာ ပြတ်ပါတယ်ဘုရား။
ဝဋ်မြစ် နှစ်ပါးဆိုသည်မှာ အဝိဇ္ဇာ နှင့်တဏှာ ဖြစ်ပါတယ်။ အဝိဇ္ဇာ အဟုတ်ထင်ခြင်းသည် သံသရာ စက် ရှေ့ အစွန်းကို ဖုံးလွှမ်းပါတယ်။
တဏှာ= လိုချင်ခြင်းသည် သံသရာစက် နောက်အစွန်းကို ဖုံးလွှမ်းပါတယ်။
အဝိဇ္ဇာ အဟုတ်ထင်ခြင်းကို ချုပ်ငြိမ်းအောင် ( ဘာမှ မဟုတ်ဘူး) လို့ ဥာဏ် ဝင်လိုက်လျှင် လိုချင်မှု တဏှာလည်း ငြိမ်းပြီးသား ဖြစ်ပါတယ်ဘုရား။