Skip to content

ဇရာ၊ မရဏ ကို နယ်လေးပါး ဖြင့်ပိုင်းခြားသိပုံ

May 7, 2010

ဇရာ-မရဏကိုနယ်လေးပါး ဖြင့်ပိုင်းခြားသိပုံမှာ – ဇရာ – မရဏ ဟူသောစကားကို ကြားရသော အခါ – မသိခြင်းအထင်၊ ဆိုးခြင်း အထင်၊ ကောင်းခြင်း အထင်၊အထင်အားဖြင့်  အထင်အမျိုး မျိုးစိတ်မှာပေါ်တတ်ပါတယ်။ ထိုအထင်နယ်သည် ( အဝိဇ္ဇာမာန ပညတ်နယ်) ဖြစ်ပါတယ်။

ဤ အထင်နယ်မှာပင် လှည့်ပတ်ကာ ဆင်းရဲမျိုးစုံ ကြုံနေကြရပါတယ်။ အထင်ကတော့ စိတ်အလုပ် ဖြစ်သောကြောင့် ပယ်ရမှာမဟုတ်ပါဘူး။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကိုသာလျှင် ပယ်ရမှာဖြစ်ပါတယ်။

စိတ်ဖြစ်စဉ်၊ရုပ်ဖြစ်စဉ်များကို စိတ်စဉ်ကိုတစ်စက္ကန့်တွင် ကုဋေတစ်သိန်းစိတ်၊ တစ်စိတ်ယူ၊ရုပ်ဖြစ်စဉ်ကို  စက္ကန့်တွင် ကုဋေငါးထောင်စိတ်၊တစ်စိတ်ယူ၊ တစ်ထိုအစိတ်လေးတစ်ခုမှာ ဥပါဒ်ဌီဘင်= ဖြစ်တည်ပျက် ဟု ခဏလေးသုံးခုရှိပါတယ်။

ဥပါဒ်= ဖြစ်ခြင်းသဘော တစ်ခုကို ဇာတိလို့ခေါ်ပါတယ်။ ဋ္ဌီ= တည်ခြင်းသဘောတစ်ခုကို ဇရာလို့ခေါ်ပါတယ်။ ဘင်=ပျက်ခြင်းသဘောတစ်ခုကို မရဏ ဟု ခေါ်ပါတယ်။

ထိုဋ္ဌီ-ဇရာ နှင့် ဘင်- မရဏသည် ဥပါဒ် ဇာတိမပါဘဲ ဖြစ်မရသောကြောင့် ကိုယ်ပိုင် အနှစ်မရှိသော သဘောသာ ထင်ရှားနေပါတယ်။ အားလုံး မူလပျက် သဘောမှာ လမ်းဆုံး သွားပါတယ်။ မူလပျက်သဘောသာ (၃၁-ဘုံ)လောက ကိုလွှမ်း ခြုံသွားပါတယ်။ ထိုအရှိအတိုင်း အသိကို ဝိဇ္ဇာဉာဏ်လို့ခေါ်ပါတယ်ဘုရား။

ဘဝရဲ့ အဓိပ္ပါယ်ကို တိတိကျကျ မသိအောင် အဝိဇ္ဇာ ကဖုံးလွှမ်းသော အခါ ဘဝကို အဓိပ္ပါယ်ရှိရှိ မနေနိုင်ကြပါဘူး။

အိုခြင်း သေခြင်း ၏ အဆုံးကို မမြင်နိုင်သော ကြောင့် အဝိဇ္ဇာမာန ပညတ်နယ်က အိုခြင်း၊ သေခြင်း အထင်ပင် အဟုတ်ထင်သော အဝိဇ္ဇာသဝ ဖြစ်ပါတယ်။

ကိုယ်စုထားတဲ့မြေကြီးစာ ဖြစ်သော သက်ရှိ သက်မဲ့စိးပွားရေးတွေကို စွဲလန်းသော ကာမာသဝဖြစ်ပါတယ်။

သေရင်သွားရမဲ့ဘဝဟာ မသေချာသောကြောင့်  လက်ရှိဘဝကို စွဲလန်းတဲ့ ဘဝါသဝ လည်းဖြစ်ပြန်ပါတယ်။

အကြောင်းအကျိုး နဲ့ ပတ်သက်ပြီး နည်း လေးပါးကိုမသိသောကြောင့် အထင်အစွဲ မျိုးစုံ၊ ဒိဋ္ဌာသဝ လည်း ဖြစ်ပါတယ်။ ဤ အာသဝ လေးပါးလွှမ်းမိုးလာသော အခါ

သောက=စိုးရိမ်ခြင်း၊

ပရိဒေဝ = ငိုကြွေးခြင်း ၊

ဒုက္ခ= ဆင်းရဲခြင်း၊

ဒေါမနဿ= စိတ်နှလုံးမသက်သာခြင်း ၊

ဥပါယာသ= ပြင်းစွာ ပင်ပန်းခြင်းတွေ ဖြစ်ပါတယ်။

ဘဝ၏ အဓိပ္ပါယ်ကိုမသိပဲ အဓိပ္ပါယ်ရှိသော ဘဝကို မရ ကြ သော သတ္တဝါတွေ ရဲ့ သံသရာဟာ ချမ်းသာလုံးဝမပါပဲ၊ သီးသီးသန့်သန့် ဒုက္ခ အစုသာလျှင် ဖြစ်ပါတယ်။

ဘဝ၏ အဓိပ္ပါယ်ဖြစ်သော တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ်ပြီး တစ်စိတ်သော ဖြစ်တည်ပျက်သဘော၊ ဘဝ အစစ်ထဲမှာ – စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း ၊ စိတ်မသက်သာ ခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတွေပါ နေသောကြောင့်  (ဘာမှ မဟုတ်ဘူး) ဟု အသိဉာဏ် ဝင်လိုက်လျှင် ပင်ပန်ဆင်းရဲမှုတွေအားလုံးချုပ်ငြိမ်းပြီး ချမ်းသာ ခြင်းတွေ ဖြစ်လာပါလိမ့်မယ် ၊

အဓိပ္ပါယ်ရှိ သောဘဝရလာပါလိမ့်မယ်ဘုရား။

One Comment
  1. so good. Nice post.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: