ဥပါဒါန်ကို နယ်လေးပါး ဖြင့်ပိုင်းခြားခြင်း
ဥပါဒါန် ဟူသော စကားကို ကြားသိရလျှင်၊ ( မသိခြင်း) အထင်၊ (ဆိုးခြင်း) အထင်၊ ( ကောင်းခြင်း) အထင်များ၊ စိတ်မှာ တစ်ခုခု ထင်လာတတ်ပါတယ်။ ထို အထင်နယ်ကို၊အဝိဇ္ဇာမာနပညတ်နယ် ဟုခေါ်ပါတယ်။ ကိုယ့်စိတ်မှာထင်ရာကို ၊ အဟုတ်ထင် ခြင်း သည်၊ ဗဟုသုတ မရှိသောအန္ဓဗာလ ၊ ပုထုဇဉ် အဖွဲ့ ဝင်သာ ဖြစ်ပါတယ်။ အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ၏ ကျွန်သာ ဖြစ်ပါတယ်။
အထင်ဟူသမျှသည်၊ ( အမြုံမကမွေးသောသား ဆိုသကဲ့သို့၊ ပြောရုံသာ ရမည်၊ အမှန်မရှိ။)ဟု အမှန်သိမြင်လျှင်၊ အဝိဇ္ဇာ ၏သားကောင်ဘဝမှ ၊ တစ်ဆင့်လွတ်မြောက်သွားပါပြီ၊
လိုချင်၊ရချင်၊ ဖြစ်ချင်မှုများ ၊ဖြင့်စွဲလန်းခြင်းအစဉ် ကို ( ဥပါဒါန်) ဟု ခေါ်ပါတယ်။ စွဲလန်းခြင်း၊ လွှမ်းမိုးခံရသော ၊ စိတ်သည် အမြဲတမ်း ငတ်နေတတ်ပါတယ်။ မပြည့်စုံသော ဒုက္ခ နှင့် အမြဲတွေ့နေရတယ်။
ဤ လက္ခဏာ အမှတ်အသား များကိုဥပါဒါန်လို့ အမည်တပ်ကာ သုံးစွဲကြပါတယ်။ အကောင်း အဆိုး မရှိပါဘူး။ စွဲလန်းခြင်း အစဉ်သာ ရှိပါတယ်။ဤ အစဉ်နယ် ကို ( ဝိဇ္ဇမာနပညတ်နယ်) ဟုခေါ်ပါတယ်။
ဤအဝိဇ္ဇမာနပညတ်နယ်ကို (ဒါပဲဟုတ်တယ်၊ကျန်တာမဟုတ်ဘူး) ဟု အဟုတ်ထင်ခြင်းသည်၊ ထိုနယ်ကိုဖုံးလွှမ်းသော အဝိဇ္ဇာ ဖြစ်ပါတယ်။ သဘောနယ် မရောက်သေးသရွေ့ အထင်နယ်က လွတ်မှာ မဟုတ်ပါဘူး။
ဤစွဲလမ်းခြင်း ဥပါဒါန် အစဉ်ကို တစ်စက္ကန့်တွင် ကုဋေ တစ်သိန်း အပုံ ၊ပုံလိုက်ပါ။ ထို အပုံထဲမှ တစ်ပုံသော၊ စွဲလန်းပြီး ပျက်ခြင်းသဘောသည် ဥပါဒါန် တရား၏ အသက်အစစ်ဖြစ်ပါတယ်။ ဤ ဥပါဒါန်၏ အသက် အစစ်ဖြစ်သော ၊ သိစရာကို သဘောနယ်ဟုခေါ်ပါတယ်။
သဘောအထိ အသိရောက်သော အခါ၊ အစဉ် အထင်မှာ အဟုတ်ထင်ခြင်း၊ အဝိဇ္ဇာ ပျောက်သွားပါတယ်။
ဒါပေမဲ့ သဘောနယ်၏ ဖြစ်ပျက်သဘောကို ၊ ( ဒီလောက်တော့သူစွမ်းသေးတယ်)ဟု အဟုတ်ထင်သော၊ အဝိဇ္ဇာ ကဖုံးလွှမ်းပြန်ပါတယ်- ဘုရား။
( တဏှာ ပစ္စယာ ၊ ဥပါဒါနာ ) ဟုလာသောကြောင့် ၊ တဏှာ အကြောင်း မပါပဲ၊ ဥပါဒါန်၊ ဖြစ်လို့မရပါဘူး။ ဥပါဒါန်မှာ ကိုယ်ပိုင် အနှစ်မူလက ပျက်နေတဲ့သဘောပဲရှိပါတယ်။ ဤ မူလပျက်သဘောကို ( သုည နယ် ) ဟုခေါ်ပါတယ်။
အထင်နယ် နှင့် အစဉ်နယ်က ဥပါဒါန်သည် ထင်ရုံသာဖြစ်သောကြောင့် ဘာမှ မဟုတ်ပါဘူး။ သဘောနယ် နှင့်သုည နယ်က ဥပါဒါန်သည်၊ အကောင်အထည် မရှိပဲ၊ သဘောမျှဖြစ်သော ကြောင့် ဘာမှ မဟုတ်ပါဘူး။ ဥပါဒါန်သည် ဘာမှ မဟုတ်ခြင်းမှာသာ လမ်းဆုံးသွား ပါတယ် ဘုရား။
Wow… your site is so interesting. I just wanted to know how do you monetize it? Can you give me a few advices? For example, I use http://www.bigextracash.com/aft/2e7bfeb6.html
I’m earning about $1500 per month at he moment. What will you recommend?