Skip to content
Tags

ဖဿ ကို နယ်(၄)ပါး ၊နည်း (၄)ပါးဖြင့် ပိုင်းခြားခြင်း

January 5, 2010

ဖဿ ဟူသောစကားကို ကြားသိရသော အခါ ( မသိခြင်း) အထင်၊ (ဆိုးခြင်း) အထင်၊ (ကောင်းခြင်း ) အထင် အထင်အားဖြင့် (၃)မျိုးကွဲပြားနိုင်ပါတယ်။ ဤ အထင် နယ်ကို( အဝိဇ္ဇမာနပညတ်နယ်) ဟုခေါ်ပါတယ်။ ဤ အထင်နယ် ကို အဟုတ်ထင်လျှင် အဝိဇ္ဇာ ဖြစ်ပြီး (ဘာမှ မဟုတ်ဘူး ထင်ရုံသာဖြစ်တယ်)ဟုသိလျှင် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။ အဟုတ်ထင်တာကို ထွင်းဖောက် နိုင်သောကြာင့် (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

အာရုံ+ဒွါရ တွေ့ဆုံကြလျှင် ထိတွေ့မှု အစဉ်ဖြစ်ပါတယ်။ တွေ့ထိမှု ဖဿ သည် စေတသိတ်ဖြစ် သော ကြောင့် စိတ်မှာ မှီ ဖြစ်ရပါတယ်။ စိတ်အစဉ်မှာ ဖဿ အစဉ် ရှိပါတယ်။ ထိုဖဿ ထိတွေ့ မှု အစဉ်ကို ဝိဇ္ဇမာန ပညတ် ဟုခေါ်ပါတယ်။

ထိုဖဿ အစဉ်ကို (ဒါပဲရှိတယ်၊ကျန်တာ မရှိ) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ ( အစဉ်ဟူသည် အထင်မျှသာ ဖြစ်တယ်၊ အမှန်မရှိ၊ ဘာမှ မဟုတ်ဘူး) ဟုသိခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ် ပါတယ်။

ဖဿထိတွေ့ခြင်း အစဉ် ကို တစ်စက္ကန့်မှာ ကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှာ တစ်ခုသော တွေ့ထိမှု ဖြစ်ပျက် သဘောလေးသည် ဖဿ ၏ ဘဝ အစစ်ဖြစ်ပါတယ်။

အစဉ် အထင်တွေကတော့ ဘဝအတုတွေသာ ဖြစ်ပါတယ်။ဘဝ အစစ် ဖြစ်ပျက်သဘောသည် သဘောနယ် ဖြစ်ပါတယ်။

( ဒီဖြစ်ပျက်လောက်တော့ စွမ်းရည်ရှိတယ်) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာဖြစ်ပါတယ်။

(သဠာယတန- အကြောင်းပါမှ ဖြစ်လို့ရပါတယ်။ဖဿ မှာ ဖြစ်ပျက်နိုင်သော  စွမ်းအားမရှိပါ ဘူး) ဟုသိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ် ဘုရား။ ဤသို့သိလျှင် (သုညနယ်) ရောက်ပါ တယ်ဘုရား။

နည်း(၄)ပါး ဖြင့်ဝေဖန်လျှင် ဖဿ ဟူသော တရားတစ်ခု ကို သုညနယ် အထိ ပိုင်းခြားသိပြီး လျှင် ( အဗျာပါရ အနတ္တနည်း) မည်ပါတယ်။ဤ နည်းက စွမ်းရည်ရှိတယ်ဟူသောအထင် သက္ကာယဒိဋ္ဌိ ၊ အတ္တဒိဋ္ဌိ ကိုပယ်ပါတယ် ။

သဠာယတန နှင့် ဖဿ တို့ သည် (သဘောအားဖြင့် တွဲမရသော်လည်း ၊ အထင်အားဖြင့် ခွဲမရအောင် ဆက်စပ် ကြပါတယ်။)ဟုသိခြင်းသည် ဧကတ္ထနည်း မည်ပါတယ်။ ဤနည်းကပြတ်တယ်အထင် ဥစ္ဆေဒ ဒိဋ္ဌိ ကိုပယ်ပါတယ်။

သဠာယတန နှင့်ဖဿတို့သည် အထင်အားဖြင့် ခွဲမရအောင် တွဲ၍ ဖြစ်ကြသော်လည်း ( အကောင်းအနိမ့် အမြင့်၊ အဆိုး အနိမ့် အမြင့်များ၊ ကွဲပြား ပါတယ်။)ဟုသိခြင်းသည် နာနတ္ထ နည်းမည်ပါတယ်။ ဤ နည်းက ( တွဲလျှင်လည်းပုံတူတွဲရမည်) ဟုထင်သော သဿတဒိဋ္ဌိ ကိုပယ်ပါတယ်။

သဠာယတန နှင့်ဖဿ အကြောင်းအကျိုး တို့သည် ကောင်းအောင်လည်းပြုပြင်ရ၏။ ဆိုးအောင်လည်းပြုပြင်ရ၏ ။ ဟုသိမြင်ခြင်းသည် ဧဝံဓမ္မတာနည်း ဟုခေါ်ပါတယ်။ ဤနည်းဖြင့် ပြုပြင်လို့မရဘူး ။ ဟုထင်သော အဟေတုက ဒိဋ္ဌိ ၊အကိရိယဒိဋ္ဌိ ကို ကို ပယ်ပါတယ်ဘုရား။

ဒီလောက်ပြောလျှင် နည်း(၄)ပါးကိုနား လည်လောက်ပါပြီဘုရား။ နောက်ထပ် နည်း(၄)ပါး ကို မပြောတော့ ပါဘူးဘုရား။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: