သင်္ခါရကို နယ်လေးပါး နည်းလေးပါး ဖြင့်ပိုင်းခြားခြင်း
သင်္ခါရကို နယ်လေးပါး နည်းလေးပါး နှင့် ရှင်းပြပါအုံးမယ်။ (သင်္ခါရ)ဟူသောစကားကို ကြားသိရသော အခါ မသိခြင်းအထင်၊ ဆိုးခြင်း အထင်၊ ကောင်းခြင်းအထင်အားဖြင့် စိတ်ထဲမှာ အထင်အထည်များ ပေါ်နေပါတယ်။
ထို အထင် အထည်များကို အဝိဇ္ဇာမာနပညတ်နယ် ဟုခေါ်ပါတယ်။ အထင်အထည် မှန်သမျှ ထင်ရုံမျှသာဖြစ်၍ တကယ်မရှိသောကြောင့် ဘာမှ မဟုတ်ပါဘူး။ ဘာမှ မဟုတ်ဘူး ဟုသိခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။ စိတ်မှာထင်တာကို အဟုတ်မထင်မိဘို့ အရေးကြီးပါတယ်။
စိတ်အစဉ်မှာ -စွန်လွှတ်ခြင်း အစဉ်ကို ပုညာဘိသင်္ခါရလို့ခေါ်ပြီး စွဲလန်းခြင်း အစဉ်ကို အပုညာဘိသင်္ခါရ ဟုခေါ်ပါတယ်။ စွန့်လွှတ်ခြင်း၊စွဲလန်းခြင်း အစဉ်သန္တန် သည် ဝိဇ္ဇာမာန ပညတ်နယ်ဟုခေါ်ပါတယ်။
ထို အစဉ်သန္တန်ဖြစ်သော ဝိဇ္ဇာမာန ပညတ်နယ် ကို (ဒါပဲရှိတယ်) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ အစဉ်သန္တန် အားဖြင့် ထင်ရုံမျှပဲရှိတယ်။ အမှန်တကယ် မရှိသောကြောင့် (ဘာမှ မဟုတ်ဘူး) ဟုမြင်ခြင်း သည် (ဝိဇ္ဇာဉာဏ်)ဖြစ်ပါတယ်။
ထို စွန့်လွှတ်ခြင်း၊ စွဲလန်းခြင်း အစဉ်သန္တန် ကို တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ်ပြီး ထိုအစိတ်ထဲမှ ဖြစ်ပျက်သဘော တစ်ခုသည် (သဘောနယ်) ဖြစ်ပါတယ်။ ထို သဘော လေးတစ်ခုကို တန်ဘိုးမရှိသော်လည်း (ဖြစ်ပျက်သဘောမျှလောက်တော့ သူ့စွမ်းအား ရှိတယ်) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဟုခေါ်ပါတယ်။
စွန့်လွှတ်ခြင်း၊ စွဲလန်းခြင်း ၏ တစ်ခုသော ဖြစ်ပျက်သဘောလေး သင်္ခါရတရားဟာ အဝိဇ္ဇာ အကြောင်းမပါပဲ ဖြစ်လို့မရပါဘူး။ အဝိဇ္ဇာ အကြောင်းမပါပဲ သင်္ခါရသည် သူ့ကိုယ် ပိုင်စွမ်းအားအနှစ်သာရများ ဖြစ်ပျက်နိုင်သော စွမ်းရည်သတ္တိမျိုး ၊ အတိတ် တုံးကလည်း မဖြစ်ခဲ့ဘူး၊ ပစ္စုပ္ပန်မှာလည်း မရှိဘူး။ အနာဂတ်မှာလည်းရှိမလာနိုင်ဘူး။
ကာလ (၃)ပါးလုံးမှာ ကိုယ်ပိုင်စွမ်းအား အနှစ်သာရ များ ကုန်ပျက်နေသောကြောင့် (မူလပျက်)သဘောဟု သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ် ပါတယ်။ ဤ မူလပျက်သဘော နယ် ကိုပင် (သုညနယ်) ဟုလည်း ခေါ်ပါ တယ်။ယခုရှင်းပြခြင်းဟာ သင်္ခါရကို နယ် လေးပါးနှင့် ပိုင်းခြားခြင်း ဖြစ်ပါတယ်ဘုရား။
နည်းလေးပါး နှင့် ပိုင်းခြားပုံမှာ –သင်္ခါရတရားတစ်ခုကို (ဖြစ်ပျက်သဘောနှင့် မူလပျက်သဘော)ဟု ပိုင်းခြားသိခြင်းသည် အဗျာပါရအနတ္တနည်း ဖြစ်ပါတယ်။ ထိုနည်းဖြင့် သင်္ခါရ ဖြစ်ပျက်သဘောမှာ စွမ်းရည် ရှိတယ် ထင်သော သက္ကာယ ဒိဋ္ဌိ၊ အတ္တ ဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။
အဝိဇ္ဇာ နှင့် သင်္ခါရတို့သည် (ဆက်စပ်ပြီး ဖြစ်ပါတယ်) ဟုသိမြင်ခြင်းသည် ဧကတ္ထ နည်းဖြစ်ပါတယ်။ ထိုနည်းဖြင့် အဝိဇ္ဇာနှင့် သင်္ခါရတို့သည် ( ပြတ်တယ်) ဟုထင်သော ဥစ္ဆေဒ ဒိဋ္ဌိ ကိုပယ် နိုင်ပါတယ်။
အဝိဇ္ဇာ နှင့် သင်္ခါရတို့ သည် (အနိမ့် အမြင့် ကွဲပြားဖြစ်ကြတယ်) ဟုသိမြင်ခြင်းသည် နာနတ္ထ နည်းဖြစ်ပါတယ်။ ထိုနည်းဖြင့် အဝိဇ္ဇာ နှင့် သင်္ခါရ ဖြစ်ပုံခြင်း (တူရမည်) ဟုထင်သော သဿတဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။
အဝိဇ္ဇာ နှင့် သင်္ခါရတို့ သည် ပြုပြင်တိုင်းရ ၏ ဟု သိမြင်ခြင်း သည် ဧဝံဓမ္မတာ နည်း ဖြစ်ပါ တယ်။ ဤ နည်းအားဖြင့် ( အနည်း အများ ပြုပြင်လို့မရ )ဟုထင်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိကို ကိုပယ်ပါတယ်။ ဤကား အဝိဇ္ဇာ နှင့် သင်္ခါရကို နည်းလေးပါး နှင့်ပိုင်းခြား ဖြေရှင်းနည်း ပါပဲ။