Skip to content

လိုချင်၊ဖြစ်ချင်၊ရချင်မှုများ၊ငြိမ်းလိုငြား

November 23, 2009

ဓမ္မဓရ===တရားသဘော တွေ၏ အလွန့် အလွန် သိမ်မွေ့နက်နဲကြောင်းကို ဤနည်း(၄)ပါး နာကြားရတဲ့အခါ တပည့်တော် သဘောပေါက်လာပါတယ်။ နားလည် သဘောပေါက် အောင် မနာကြားဘဲနဲ့ နာကြားနိုင်တဲ့ နားမရှိဘဲနဲ့ တရားအားထုတ် လို့မရပါဘူး။ ကိုယ်ကိုယ်တိုင် စွဲနေမှန်းမသိသေးတဲ့ အစွဲတွေ အများကြီး ရှိနေသေးတော့ ငါသိ ငါတတ်လုပ် သူတွေ အတွက် အမှန်တရားနဲ့ အလွန်ဝေးကွာနေပါတယ်။ ဆုံးမစရာရှိရင် တပည့်တော် ကို အားမနာတမ်း ဆုံးမပါဘုရား။ တပည့်တော် လိုက်နာ ဘို့ အသင့်ပါဘုရား။

တပည့်တော် သဘောပေါက်ထားတာလေးကို လျှောက်ပါရစေဘုရား။

လိုချင် ဖြစ်ချင် ရချင်မှုများ ပေါ်ခွင့်မရအောင် (ပျက်နေတယ်- ပျက်နေတယ် ) ဟု စိတ်ရော နှုတ်ပါ အေးအေးဆေးဆေး ရွတ်ပါတယ် ဘုရား။ ဝီတိက္ကမ ကိလေသာ နှင့် ပရိယုဋ္ဌာန သိလေသာ ကို တဒင်္ဂ၊ဝိက္ခမ္ဘဏ အားဖြင့် ပယ်နိုင်သောကြောင့် ( သီလနှင့် သမာဓိ အလုပ်လုပ်ရတယ်) ဟု သဘောပေါက်ပါတယ်ဘုရား။

လိုချင် ၊ဖြစ်ချင် ၊ရချင် တဲ့ အဓိပ္ပါယ်တွေကလည်း အလွန်များပြီး အလွန်နက်နဲပါတယ်။ တပည့်တော် နားလည် သလောက်ပြောရရင် အဝိဇ္ဇာမာန ပညတ်နယ်မှာပင် မသိခြင်းအထင်၊ ဆိုးခြင်းအထင်၊ကောင်းခြင်း အထင် ဤ (၃)မျိုးမှာ တစ်ခုလျှင် (၂)မျိုးစီ အဓိပ္ပါယ်ထွက် နေပါ တယ်။

မသိခြင်းအထင်ဖြင့် လိုချင်တတ်၊ ဖြစ်ချင်တတ် ရချင်တတ်ပါတယ်။ ဆိုးခြင်းအထင်ဖြင့် လိုချင်၊ ဖြစ်ချင် ၊ရချင်တတ်ပြန်တယ်။ ဆိုးခြင်းအထင်မှ လွတ်မြောက်ခြင်းကိုလည်း လိုချင်၊ ဖြစ်ချင် ၊ရချင်တတ်ပါတယ်။

ကောင်းခြင်းအထင်ဖြင့် လိုချင် ဖြစ်ချင် ရချင်တတ်ပါတယ်။ကောင်းခြင်း အထင်မှ လွတ်မြောက်ခြင်း ကိုလည်းလိုချင် ဖြစ်ချင် ရချင်တတ်ပါတယ် ဘုရား။

ထို (၆) မျိုးသော လိုချင် ၊ဖြစ်ချင်၊ ရချင် မှုများကြောင့် စိတ်ထဲမှာ ဆူပူထကြွ သောင်းကျန်း သော ပရိယုဋ္ဌာန ကိလေသာ တွေဖြစ်ကြပါတယ်။ ထို ပရိယုဋ္ဌာန ကိလေသာ တွေကြောင့် ကာယ ကံ ကျူးလွန်ခြင်း ၊ဝစီကံကျူးလွန်ခြင်းဟူသော ဝိတိက္ကမ ကိလေသာ တွေဖြစ်ကြပါ တယ်။

ထို အစွဲမျိုးစုံနှင့် ဆူပူခြင်း ၊ လွတ်ကျူးခြင်း မျိုးစုံတွေကို (ပျက်နေတယ်) ဟုအေးအေး ဆေးဆေး ရွတ်ခြင်း ဖြင့်ပယ်သတ်နိုင်ပါတယ်။ (ပျက်နေတယ်) ဟုအေးအေးဆေးဆေး ရွတ်ခြင်း သည် သီလတွေ လုံခြုံပြီး ၊သမာဓိတွေပြည့်စုံစေပါတယ်။

ရွတ်လေ အကျိုးရှိလေဖြစ်တာကို ခံစားလို့ရပါတယ်ဘုရား။ ကိလေသာ (၂)မျိုးကို အလွယ်တကူငြိမ်း စေသောကြောင့် ဤနည်းလေးဟာ မြန်ကောင်းသက်သာလှပါတယ် ဘုရား။

လုပ်ကြည့်သူတိုင်း သိနိုင်ပါတယ်။ ပြောပြရုံနှင့်တော့ လုံးဝ မတွေ့နိုင် ၊မခံစားနိုင်ပါဘူး။

အမည် မတပ်ပဲ ၊ကိုယ့်ကိုကို သိရုံသာသိပါတယ်။ ( ပျက်နေတယ် လို့လည်း ရွတ်ရသေးတယ် ၊ကိုယ့်ကိုကိုလည်းသိရသေးတယ်) ဟု အလုပ် (၂)ခု ထင်စရာရှိပါတယ်ဘုရား။ ထိုင်ရင်းနဲ့ ပျက်နေတယ် ဟုရွတ်ရင်း ၊ထိုင်တာ လည်းသိရုံ သိနေပါတယ်။ ရပ်ရင်းနဲ့ (ပျက်နေတယ်) လို့ရွတ်ရင်း  ရပ်တာလည်း သိရုံ သိနေပါတယ်။ သွားရင်း နဲ့ ပျက်နေတယ် ဟုရွတ်ရင်း သွားတာလည်း သိရုံ သိနေပါတယ်။လျောင်းရင်းနဲ့ ပျက်နေတယ်ဟုရွတ်ရင်း လျောင်းတာ လည်း သိရုံသိ နေပါတယ်။

သွား၊ရပ် ၊ထိုင်လျောင်း ဟူသော ဣရိယာ ပုတ် အမည်များကို ပြောရသော်လည်း (ပျက်နေ တယ် ) ဟု ရွတ်ရင်း သိရုံသိကြည့်တဲ့အခါမှာ သွားရပ် ထိုင်လျောင်း ဟူသော အမည်များ မပါ တော့ပါဘူး ဘုရား။

ကိုယ့်ကိုကို သိဟူသောစကားနှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်သွားပါတယ်။ (ပျက်နေတယ်) ဟုရွတ်ရသော အလုပ် ၊ကိုယ့်ကိုကို သိရသော အလုပ် ဟု အလုပ်(၂)မျိုး မကွဲတော့ပဲ ပျက်နေတယ်ဟု ရွတ်ရသော အသိမှာပင် ကိုယ့်ကိုကို သိရုံသိသော အသိပါ ဝင်နေပါတယ်။

ယခုပြောပြတဲ့ ကိုယ့်ကိုကိုသိ ဟူသော အဓိပ္ပါယ်မှာ  အလွန်လွယ်ကူပါတယ်။ လွယ်လွန်း သောကြောင့် တရား ဟု မထင်ကြပါဘူး။ လွယ်လွန်းတာ ကိုပြောရတာဟာ တစ်ဘက်လူက အထင်လွဲသွားနိုင်သေကြောင့် ပြောရတာ အလွန်ခက်တယ် ဟုထင်ပါတယ်။ ကိလေသာ တွေက (လွယ်တာကို ခက်တယ်၊ ခက်တာကိုလွယ်တယ် ) ဟုပြောင်းပြန် ပုံဖော် ထားသော ကြောင့် အမှန်တရားနဲ့ ဝေးနေကြတာ ပါဘုရား။ အမှန်တရားသည် လွယ်ကူစွာ သိလို့ ရသော မိမိခန္ဓာ မှာပင် ရှိနေပါတယ်ဘုရား။

ဤ ကိုယ့်ကိုကို သိ ဟူသော သတိ နယ်မှာ ချမ်းသာအစဉ်၊ ဆင်းရဲ အစဉ် ၊ ချမ်းသာဆင်းရဲမှ လွတ်သော ဥပေက္ခာ အစဉ် အားဖြင့် အစဉ် (၃)ပါး ကိုတွေ့သိနိုင်ပါတယ်။

ထို အစဉ်ပေါ်မှာပင် သိနေရခြင်းဖြစ်ပါတယ်။ နာမည်တပ်လို့သာ ပြောရသော်လည်း ၊နာမည်ကို မတွေ့ရပဲ  အစဉ်လောက်သာ တွေ့ရပါတယ်။ ဝိဇ္ဇာ မာန ပညတ်နယ်မှာ နေရခြင်း သည် သတိ အစစ်လေးနဲ့ နေရသောကြောင့် အလွန်နေလို့ ကောင်းပါတယ် ဘုရား။ တစ်ခါတစ်ခါမှာ ပျက်နေတယ် ဟု မရွတ်ဖြစ်တော့ပဲ အစဉ်ပေါ်တည်ပြီး ငြိမ်းနေရတာကိုပဲ လုပ်ဖြစ်ပါတယ်ဘုရား။ အဲသလိုနေတာ မှန်ပါသလား ဘုရား။

ဦးဝိဇယ==== အရှင်ဘုရား လျှောက်တာ အားလုံး မှန်ပါတယ် ဘုရား။ ဒါပေမယ့်ကိလေသာ မကုန်သေးပဲ မရွတ်ပဲနေတာဟာလုံးဝ မမှန် ပါဘူးဘုရား။ ဒါမျိုးကို ဝဉ္စနကိ လေသာ =လှည့် ပတ်တတ်သောကိလေသာ ဟုခေါ်ပါတယ်။ ငြိမ်းငြိမ်းအေးအေး နေရတာကို အဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်နေတယ်။ အဲဒီ အပေါ်မှာ ကျေနပ်ခြင်း လောဘ ထပ်ပြီး ဖြစ်နေပါတယ်။အာရုံကို မှီပြီး အဟုတ်ထင်ခြင်း၊ကျေနပ်ခြင်း ဖြစ်လျှင် ခံနိုင်ရည် အင်အားတွေ ကျဆင်းလာလိမ့်မယ်။ အာရုံကြမ်းတွေ တိုက်လာတဲ့အခါမှာ  ခံနိုင်ရည် မရှိပဲ ဖြစ်သွားလိမ့်မယ်။

အဲလို ကျေနပ်ခြင်း၊ အဟုတ်ထင်ခြင်း မဖြစ်နိုင်အောင် (ပျက်နေတယ်)လို့ကြိုးစားရွတ်ရ မယ်။ဥပမာ==တရားအားထုတ်ခါစက (၂၅)ခွန်းရွတ်လျှင် ယခု အချိန်မှာ အခွန်း (၁၀၀) ရွတ်ရမယ်ဘုရား။ရွတ်အားကောင်းလေ ငြိမ်းအေးလေ ပါပဲဘုရား။

2 Comments
  1. HsHs permalink

    အတွေးလုံးဝမပါပဲ ပျက်နေတယ် အေးအေးဆေးဆေး ရွတ်နေတာ သီလနဲ့ သမာဓိ မြဲစေပါတယ်.. သိရုံသိနေတဲ့စိတ်ကလဲ ဘာဝနာကို ပွားစေပါတယ်… စိတ်ကို အလွန်ငြိမ်းချမ်းစေလို့ တရားထိုင်နေတာနဲ့ အတူတူပါပဲ… ဆရာတော် ကျန်းမာပါစေ…

  2. nan aye san thar permalink

    Thank you for this side. I can not write Burmese.Thus I am sorry.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: