ကိလေသာပယ်ပုံမှာ—-
ဦးဝိဇယ—ခန္ဓာကို သက်သာအောင်ထား စိတ်ကိုလွတ်လွတ်လပ်လပ်ထားပြီးလိုချင် ဖြစ်ချင် ရချင်မှုများပေါ်ခွင့်မရအောင် ပျက်နေတယ်လို့ အေးအေးဆေးဆေး ရွတ်ခိုင်းခြင်းဖြစ်ပါတယ်ဘုရား။
ပျက်နေတယ်-ဟုစိတ်ရော နှုတ်ရော ရွတ်နိုင်ရင် အာရုံကို အဟုတ်ထင်ပြီး ကျေနပ်ခြင်း မကျေနပ်ခြင်းအစွဲတွေ နည်းသွားမယ်။ ပျက်နေတယ် ဟူသော အနိစ္စ သဘောကိုသိနိုင်သောသတိ၊ဝီရိယဉာဏ်တွေလည်း ဖြစ်လာမယ်။
အနုပဿီ ဝိဟရတိ= အဖန်ဖန်ရှုနေ=ဟူသောအဓိပ္ပါယ်မှာ -အာရုံကို မှီ ပြီး သိပြီးပျက်ခြင်းသဘောရှိ သောစိတ်တွေဟာ စက္ကန့်မခြား တဆက်တည်းဖြစ်ပျက်နေပါတယ်။ သံသရာတစ်လျှောက်လုံး သိပျက်နေသောစိတ်အစဉ်မှာ အာရုံတွေကု အဟုတ်ထင်ပြီး ကျေနပ်ခြင်းမကျေနပ်ခြင်းတို့ဖြင့် (လိုချင်တယ်၊ရချင်တယ်၊ဖြစ်ချင်တယ်) ဟုကိလေသာများက အမြဲတမ်းရွတ်သိနေကြပါတယ်။ပွားများနေကြပါတယ်။ စိတ်မှာပြည့်ရုံမက ကာယကံ ဝစီကံတွေပါ ပြည့်လျှံနေကြပါတယ်။
ထိုကိလေသာများ၏ ဆန့်ကျင်ဘက်ဖြစ်သော အနိစ္စ သညာ -ပျက်နေတယ်- ဆိုတာကို ထိုကိလေသာများက (လိုချင်တယ်၊ဖြစ်ချင်တယ်၊ရချင်တယ်) ဟုဖြစ်ခွင့်မရအောင် ဆက်တိုက်ရွတ်ပွားရခြင်းဖြစ်ပါတယ်။စိတ်ထဲမှာ (လိုချင်တယ်၊ဖြစ်ချင်တယ်၊ရချင်တယ်) ဟုရွတ်သော ကိလေသာတွေအလွန်ထူထပ်ပွားများ ပြည့်လျှံနေလေသောကြောင့် စိတ်၏ သိပျက်-သဘောပင်ပျောက်ကွယ်နေပါတယ်။
လောကသဘောမျိုးစုံကို ဖုံးကွယ်ထားသော အထင်များကို ပယ်နိုင်ပြီး လောကသဘောမျိုးစုံကို အမှန်အတိုင်း သိတတ်သောအမြင်များပြည့်စုံစေရန် အဖန်ဖန် အထပ် ထပ် ရှုရ၊မှတ်ရ၊ရွတ်ရခြင်းဖြစ်ပါတယ်။
ကိလေသာပယ်ပုံမှာ—- ဥပမာအားဖြင့် ရေပုံးထဲကို ရေအပြည့်ထည့်ထားပြီး ထိုရေပုံးထဲကို သဲတွေထည့်မယ်ဆိုရင် ရေပုံးထဲဝင်သလောက်ရေတွေလျှံထွက် သွားလိမ့်မယ်။ပုံးနှင့်အပြည့်သဲတွေ ထည့်လိုက်လျှင် ရေအားလုံးထွက်ပြီး သဲပဲကျန်တော့မယ်။ထိုသဲထဲမှာ အစိုဓာတ်လောက်ပဲရှိနေ လိမ့်မယ်။
ထို့အတူ-သိပျက်သဘောရှိသော စိတ်အစဉ်က ရေပုံးနဲ့တူပါတယ်။ စိတ်အစဉ်မှာ ရှိသော အဟုတ်ထင်ထင်ခြင်း။ ကျေနပ်ခြင်း၊မကျေနပ်ခြင်း လိုချင် ဖြစ်ချင်ရချင်ခြင်း ကိလေသာတွေက ပုံးထဲကရေတွေနဲ့ တူပါတယ်။ပျက်နေတယ်-လို့ရွတ်ခြင်းက ကိလေသာတွေထွက်သွား အောင်သဲထည့်တာနဲ့တူပါတယ်။
ပျက်နေတယ်-လို့ရွတ်ပွားလို့ကောင်းတဲ့တရားတွေ ပြည့်စုံပြီး ရဟန္တာ ဖြစ်တာကတော့ ရေပုံးထဲက သဲထဲမှာ အစိုဓာတ်ကျန်နေခြင်းနဲ့တူပါတယ်။
အရှင်ဘုရား တွေ့ထားတဲ့တရားဟာ သတိပဋ္ဌာန်လေးမျိုးပါဝင်ပုံကတော့—အရှင်ဘုရား-ပျက်နေတယ် ဟုရွတ်ရင်း ကိုယ့်ကိုကို သိနေချိန်မှာ -မငြိမ်မသက်ဖောက်ပြန်ပြီး ပျက်တဲ့သဘောကိုသိရင် ကာယာနုပဿနာလို့ခေါ်ပါတယ်။
ခံစားပြီး ပျက်တဲ့သဘောကိုသိနေရင် ဝေဒနာနုပဿနာလို့ခေါ်ပါတယ်။တရားလောက မှာပြောဆိုနေကြသောရုပ်၊နာမ် (၂)ပါး၊ခန္ဓာ(၅)ပါး၊ အာယာတန(၁၂)ပါး၊ ဓာတ်(၁၈)ပါး၊ ဓာတ်ကြီး(၄)ပါး၊မဂ္ဂင်(၈)ပါး–စသောတရားများအားလုံးအကျုံးဝင်သွားပါတယ်ဘုရား။
အခုရှင်းပြခြင်းဟာ မဧာသတိပဋ္ဌာနသုတ်၊ဥဒ္ဒေသ ကိုတည်ပြီးရှင်းပြခြင်းဖြစ်ပါတယ်။နိဒ္ဒေသပါဠိတော်များ အားလုံးသည်လည်းယခုရှင်းပြချက်ထဲကိုအားလုံးသဘောအားဖြင့် ပါဝင်သွားပါတယ်။ဥဒ္ဒေသနှင့် နိဒ္ဒေသ မှ သဘောတူပြီး အကျဉ်းအကျယ်အားဖြင့်သာခြားနားပါတယ်ဘုရား။
တရားအားထုတ်ရာမှာ (၂)ပိုင်းရှိပါတယ်။ လိုချင်၊ဖြစ်ချင်၊ရချင်မှု ငြိမ်းခြင်းသမာဓိ၊ကိုယ့်ကိုကိုသိခြင်း သတိပဋ္ဌာန်အပိုင်းနှင့်ကိုယ်သိသော သိစရာများကို ဘာမှမဟုတ်ကြောင်းသိခြင်းသတိ ပညာပိုင်း (၂)ပါးရှိပါတယ်။
အရှင်ဘုရားအနေနှင့် ပထမ တစ်ပိုင်းကိုနားလည်သဘောပေါက်ပါပြီဘုရား။မဟာသတိပဋ္ဌာနသုတ် နိဒ္ဒေသ မှာလည်း ပထမပိုင်း ကိုနည်းမျိုးစုံ ဖြင့်ချဲ့ပြပြီး ၊ဒုတိယပိုင်းကိုတော့ ဣတိ အဇ္ဈ တံဝါကာယေ စသည်ဖြင့် ပုံတူဟောထားပါတယ်ဘုရား။
ဓမ္မဓရ—-သည်လောက်ရှင်းပြတာကိုပဲ တပည့်တော် ကျေးဇူးဆပ်လို့ မကုန်နိုင်တော့ပါဘူးဘုရား။(တရားအားထုတ်တယ်)ဆိုပြီး ကိုယ်ထင်ရာ လုပ်ခဲ့တာတွေကိုတွေးပြီး သံဝေဂရမိပါတယ်။ တပည့်တော်ရဲ့ အသိဉာဏ်ပွင့်လင်းခွင့်ရလို့လည်း ကံကောင်းတယ်လို့ခံစားမိပါတယ်။
အသိဉာဏ်ဖြင့်ဖွင့်ထားသောနှလုံးသားဖြင့် တရားကိုရှာသင့်ပါတယ်။(ကိုယ်မွေးတဲ့မျောက်၊ကိုယ့်ပြန်ခြောက်) ဆိုတာလို ကိုယ်အားထုတ်ထားတဲ့ ဆင်းရဲလွတ်ကြောင်းတရားက ဆင်းရဲမျိုးစုံ အပေးခံခဲ့ရပါတယ်။ ဘဝရပ်တည်ရာကို လုံးဝမရခဲ့ပါဘူး။ တရားမှာလည်းတွေ့ချင်၊သိချင်၊ရချင် တာတွေကသာလွှမ်းမိုး ပြီး သမုဒယ ဖြစ်လိုက်၊ဒုက္ခဖြစ်လိုက်နှင့် သံသရာလည်ခဲ့ပါတယ်။
တပည့်တော် (ပျက်နေတယ်)လို့ရွတ်ရင်း ကိုယ့်ကိုကို သတိထားတတ်တဲ့ သတိပဋ္ဌာန်ကတော့ဖြစ်ပါပြီဘုရား။ သတိပညာပိုင်းကို ဘယ်လိုဆက်ရအုံး မယ်ဆိုတာကို ညွှန်ကြားတော်မူပါဘုရား။
ဦးဝိဇယ—– သတိပညာပိုင်းကို ပီပြင်စွာဖြစ်လိုလျှင် သတိပဋ္ဌာန်ကို ကြိုးကြိုးစားစားလုပ်ပြီး (၃၁)ဘုံ မှာရှိတဲ့ တရားအားလုံး၏ မူလဓမ္မ (ခေါ်) မူလပျက် သုညတရားကို ရှင်းရှင်းလင်းလင်းဖြစ်အောင် စိစစ်ဝေဖန်ရမယ်ဘုရား။ မိမိ အသိဉာဏ်ထဲမှာ ရှင်းသည် အထိသဘောပေါက်အောင်လေ့လာရမယ်ဘုရား။ အကြောင်းအကျိုးတရား။ ပညတ်၊ပရမတ်တရား၊ နည်းလေးပါးစသောတရားများကို အသိဉာဏ်များများသုံးကာ လေ့လာရမယ်ဘုရား။ တရားပေါ်မှာ အသိဉာဏ်ရှင်းပြီး အထင်သမားဘဝမှ အမြင်သမားဘဝ ရောက်အောင် စိစစ်ခြင်း၊ ဝေဖန်ခြင်း၊ စဉ်းစားခြင်းများပြုလုပ်ရမယ်ဘုရား။
နောက် အခန်မှာ မူလဓမ္မသုညတ တရားကို ဆက်ဆွေးနွေးပါမယ်ဘုရား။
ဒီဆိုက်လေးကို တွေ့တော့ အရမ်းအားတက်မိပါတယ်။ ကိလေသာပယ်ပုံ ဆိုတဲ့ခေါင်းစဉ်ကိုဖတ်ရတော့
ပိုသဘောတွေ့မိပါတယ်။ဆရာသမားပြောတဲ့စကားလေးကိုလည်း မျှဝေချင်ပါတယ်။
၁။ တကယ်ရှိတဲ့ ပညတ်နဲ့ အစားထိုးပေးမှ အချိန်တိုင်းဖြစ်နေတဲ့ သမုဒယ နည်းမယ်။
ဥပမာ တကယ်ရှိတာ စိတ် စေတစိတ် ရုပ်။ သူတို့သဘောက တရစပ် ပျက်စီးတဲ့သဘော
ဒါတကယ်ရှိတဲ့ ပရမတ်တရား ဒါကို ပညတ်စကားတင်ပေးမယ်ဆိုရင် ဖောက် ပြန်တဲ့ သဘောပဲရှိတယ်ပေါ့။
ဒီလိုဆင် ခြင်ပေးရမယ်။ ဘယ်ထိအောင် ဆင် ခြင်ရမလဲဆို၇င် ဒီသဘောကို ကိုယ်ပိုင်လက်ခံတဲ့အထိပေါ့။
၂။ ပျက်စီးတဲ့သဘော(တနည်း)အနိစ္စ ပဲလို့ ဆင်ခြင်တဲ့အခါ မှာလည်း ကိုယ်အာရုံ ပြုလို့ သိလိုက်တဲ့
တစ်ခုခုကို အနိစ္စ လို့ မလုပ်ရဘူး။လုပ်ရင် ဒါမှအနိစ္စဖြစ်ပြီး ကျန်တာမဟုတ်သလိုဖြစ်နေမယ်။
တကယ် ပညာနဲ့ သိထားရမှာက တစ်ခုခုအနိစ္စ မဟုတ်ဘူး။ တကယ်ရှိနေတာက တရစပ် အနိစ္စ ချည်းပဲ။
၃။နောက်တစ်ဆင့်က အဲလို ပျက်စိးတဲ့သဘောပဲ လို့ သိတဲ့စိတ်ကိုယ်တိုင်က ပျက်စီးတဲ့သဘော
ဘာမှမဟုတ်တဲ့သဘောကို သိရမယ်တဲ့။
အခုလိုမျှဝေပေးတာကျေးဇူးတင်ပါတယ် ကိုထွေးရေ..။ ဆရာတော်ရဲ့ ကျင့်စဉ်က ဘာမှမဟုတ်တာပဲရှိတယ်၊ဘာမှမရှိတာပဲဟုတ်တယ်-ဖြစ်ပါတယ်။
နောက်လည်းဝေဖန်အကြံပြုပေးပါရန် တောင်းဆိုပါတယ်။
သစ္စာအလင်း
ပျက်နေတယ်လို့ ရွတ်နေရင် ဘာမှ မစဉ်းစားမိတော့ဘူး..
မိမိကိုယ်မိမိ ရှိမှန်းပါ သိထားတော့ သမာဓိလည်း တည်သွားတယ်.
တခါတခါ အချိန်ကုန်မှန်းတောင် မသိတော့ဘူး..
သိပ်ကောင်းတယ် အမရေ..
တွေးနေရင်း ဘဝပြောင်းတာပါ လွတ်ထွက်သွားတော့တယ်.