Skip to content

သမ္မာသမာဓိနှင့် ရိုးရိုးသမာဓိ

May 29, 2009

သမ္မာသမာဓိနှင့် ရိုးရိုးသမာဓိ ဘယ်လို ကွာခြားသလဲ ဟုမေးစရာရှိပါတယ်။ လိုချင်မှု ၊ဖြစ်ချင်မှု၊ရချင်မှုဟူသော ပရိယုဋ္ဌာနကိလေသာ ငြိမ်းအေးရာမှာ အတူတူပင်ဖြစ်ပါတယ်။ သမ္မာသမာဓိသည် ခဏ ခဏ တိုင်းပျက်သောအာရုံဖြစ်သောကြောင့် (ပျက်နေတယ်)ဟူသော အရှုခံ၊အမှီခံအာရုံကို ကျေနပ် နေတတ်ပါတယ်။ ထိုအာရုံနှင့် အာရုံကိုကျေနပ်သောစိတ်က ဝိပဿနာအာရုံဖြစ်သော အမှီခံတရားကို ကွယ်ကာ ထားတတ်ပါတယ်။

ဘာကိုပဲအားထုတ်အားထုတ် လိုချင်ဖြစ်ချင်မှု ပရိယုဋ္ဌာန ကိလေသာမငြိမ်းလျှင် တရားအား ထုတ် တယ်ဆိုတာလုံးဝမဟုတ်တော့ပါဘူး။

(၃) မိစ္ဆာသမာဓိ ဟူသည်မှာ မိမိကြိုက်သောအာရုံပေါ်မှာ လိုချင်မှု ဖြစ်ချင်မှု ရချင်မှုဟူသော ပရိယုဋ္ဌာန ကိလေသာများဖြင့်တည်ခြင်း ကို မိစ္ဆာသမာဓိလို့ခေါ်ပါတယ်။

ဥပမာ-ငါးမျှားသူ၏ ဖေါ့ ဟူသောအာရုံပေါ်မှာ တည်ခြင်း၊

ချဲထိုးချဲတွက်သူ၏ -ဂဏန်းဟူသော အာရုံပေါ်မှာတည်ခြင်း၊

ဖဲရိုက်သူ၏ -ဖဲဟူသောအာရုံပေါ်မှာတည်ခြင်း၊

ခြင်းခတ်သူ၏ ခြင်းဟူသော အာရုံပေါ်မှာတည်ခြင်း၊

 ဘောလုံးကန်သူ၏ -ဘောလုံးဟူသောအာရုံပေါ်မှာတည်ခြင်း၊

တီဗွီ ကြည့်သူ၏ -တီဗွီ ဟူသောအာရုံမှာတည်ခြင်း၊

ရည်းစားထားသူ၏ -ရည်းစားဟူသောအာရုံမှာတည်ခြင်း ၊

ဇနီးမောင် နှံတို့ ၏-လင်မယားဟူသောအာရုံမှာတည်ခြင်း၊———အစရှိသော မြောက်များလှစွာသော အာရုံတွေပေါ်မှာ လိုချင်မှု၊ဖြစ်ချင်မှု၊ရချင်မှုများဖြင့် တည်နေစွဲနေခြင်း အားလုံးသည် မှားယွင်းစွာ တည်ခြင်း မိစ္ဆာသမာဓိ လို့ခေါ်ပါတယ်။

ထိုလိုချင်မှု၊ဖြစ်ချင်မှု၊ရချင်မှု ဖြစ်တည်ခြင်းဟူသော မိစ္ဆာသမာဓိကြောင့်ပင် ပရိယုဋ္ဌာန ကိလေသာ ဖြစ်ပြီး ကာယကံ၊ဝစီကံ ကျူးလွန်ခြင်း၊ဝိတိက္ကမကိလေသာ တွေဖြစ်ကာ အပါယ်လေးဘုံ ကိုသွားကြ ရပါ တယ်။ အချိန်မလွန်ခင် မိစ္ဆာသမာဓိရှိသော ပုဂ္ဂိုလ်ဘဝမှ ရိုးရိုးသမာဓိ၊ သမ္မာသမာဓိရှိသော ပုဂ္ဂိုလ်ဘဝသို့ပြောင်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်ဘုရား။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: