သမထအားထုတ်ပုံ
အရှင်ဓမ္မဓရ—-ဒုစရိုက်အလုပ်နှင့် စွဲလန်းခြင်းအကုသိုလ် (၂)မျိုးကို ကိုယ့်ဘဝထဲမဝင်နိုင်အောင် စွန့်လွှတ်သောစိတ်ကို ဆောက်တည်ရမည် ဟူသော သီလကို တပည့်တော်သဘောပေါက်ပါပြီဘုရား။ သမထ အကြောင်းကိုလည်း ဆက်လက်ရှင်းတော်မူပါဘုရား။
ဦးဝိဇယ—-အာရုံတစ်ခု စိတ်တစ်ခုထားပြီး တည်ကြည်နေခြင်းကို သမထဟုခေါ်ပါတယ်။ ဤ သမထဆိုင်ရာမှာ သမာဓိ (၃)မျိုးရှိပါတယ်။(၁) သမ္မာသမာဓိ(၂) ရိုးရိုးသမာဓိ(၃) မိစ္ဆာသမာဓိ ဟုသုံးမျိုးရှိပါတယ်။
(၁) သမ္မာသမာဓိ
အမြဲတမ်းကုန်နေပျက်နေ သောလောကကြီးကို ပျက်နေတယ်၊ပျက်နေတယ် ဟုအေးအေး ဆေးဆေးရွတ်ပြီး လိုချင်ဖြစ်ချင်၊ရချင်မှုများငြိမ်းအေးစွာတည်ကြည်ခြင်းကို သမ္မာသမာဓိ ဟုခေါ်ပါ တယ်။ ပျက်နေတယ် ဟု စိတ်ရော၊နှုတ်ပါ ပေါ်နေဖြစ်နေတဲ့အချိန်မှာ လိုချင်တယ် ဟုလည်း မပေါ်မ ဖြစ်နိုင်တော့ပါဘူး။
လိုချင်မှု၊ဖြစ်ချင်မှု၊ရချင်မှု များဖြင့် ဆူပူထကြွ သောင်းကျန်းနေသော ပရိယုဋ္ဌာန ကိလေသာကို ပျက်နေတယ်ဟုအေးအေးဆေးဆေးရွတ်ခြင်း ဖြင့်ပယ်နိုင်ပါတယ်။ ခန္ဓာ ကိုယ်ကိုလည်း ချုပ်မထားရဘူး။ စိတ်ကိုလည်းချုပ်မထားရဘူး။ လွတ်လွတ်လပ်လပ် အေးအေး ဆေးဆေး စိတ်ရော ကိုယ်ပါ ထားပြီး-ပျက်နေတယ်၊ပျက်နေတယ်- ဟု ဖြေးဖြေးမှန်မှန် ရွတ်ရမယ်။
ပျက်နေတယ်လို့ ရွတ်လျင် ဘာဖြစ်လာမယ်၊ဘာရလာမယ် စသည်ဖြင့်မျှော်ပြီး မရွတ်ရဘူး။ လိုချင် တယ်၊ ဖြစ်ချင်တယ်၊ရချင်တယ် ဟူသောစိတ်ဖြစ်ခွင့် မရအောင် စိတ်ရောနှုတ်ပါ ရွတ်ရမယ်။
ပါးစပ်က အသံသူတစ်ပါး ကြားအောင်ထုတ်ရွတ်စရာမလိုပါဘူး။ပါးစပ်လှုပ်ရုံလောက်ပဲ နှုတ်ကရွတ် လျင်ရပါ တယ်။ ပျက်နေတယ်– ဟူသောအနိစ္စသညာကို ထပ်ခါထပ်ခါပွားများလျှင် လိုချင်တယ်၊ ဖြစ်ချင်တယ်၊ ရချင်တယ် —ဟူသောပရိယုဋ္ဌာနကိလေသာကို ပယ်နိုင်ပြီး ငြိမ်ငြိမ်လေး၊ ငြိမ်းငြိမ်းလေး နေနိုင်ခြင်းကို သမ္မာသမာဓိ ဟုခေါ်ပါတယ်။
ထိုသမ္မာသမာဓိကိုပင် ခဏ၊ခဏ ထပ်ခါထပ်ခါရွတ်၍ တည်ရသောကြောင့် ခဏိကသမာဓိဟုလည်း ခေါ်ပါတယ်။ ပျက်နေတယ်-ပျက်နေတယ်- ဟူသောအသိစိတ်ကိုသာ ထပ်ခါထပ်ခါဖြစ်ဘို့ အရေးကြီး ပါတယ်။ ဟိုဟာဖြစ်တာ၊ ဒီဟာပျက်တာ၊ ဟိုလိုပျက်တာ၊သည်လိုပျက်တာဟု ပျက်တာတွေ ကိုလိုက် ရှာ လို့မရပါဘူး။(သမာဓိ အလုပ် ပီပြင်ရင်ပီပြင်သလောက် ပျက်နေတဲ့သဘော တွေကိုရှာ စရာမလိုပဲ တွေ့နိုင်ပါတယ်)
(ပျက်နေတယ်)လို့မရွတ်တဲ့ အချိန်မှာ( ဖြစ်ချင်တယ်) ဟုသော်လည်းကောင်း (လိုချင်တယ်) ဟုသော် လည်းကောင်း၊ (ရချင်တယ်)ဟုသော်လည်းကောင်း တစ်ခုခုကို ပရိယုဋ္ဌာန ကိလေသာ က ရွတ်နေ သိနေမြဲ ဖြစ်ပါတယ်။ သမ္မာသမာဓိအလုပ်က ပျက်နေတာကို လိုက်ရှာရမဲ့အလုပ်မဟုတ်ပါဘူး။
ပရိယုဋ္ဌာနကိလေသာကို ငြိမ်းရမဲ့အလုပ်ဖြစ်ပါတယ်။ထိုအလုပ်ကို ပီိပြင်စွာလုပ်နိုင်လျှင် သမ္မာသမာဓိ ဖြစ်ပါတယ်။ ခဏိကသမာဓိဖြစ်ပါတယ်။ဝိပဿနာဉာဏ်ကို တိုက်ရိုက်ကျေးဇူးပြုနိုင်တဲ့ သမာဓိလည်း ဖြစ်ပါတယ်။ အထည်ဒြပ်ကို မကိုင်ထားသော ကြောင့် သဘောတရားများကိုသိမြင် လွယ်ပါတယ်။
(၂) ရိုးရိုးသမာဓိ ဟူသည်မှာ-ရိုးရိုးသမာဓိ၏ အာရုံပေါင်း (၄၀)ရှိပါတယ်။သမာဓိကမ္မဋ္ဌာန်း(၄၀) လို့လည်းခေါ်ပါတယ်။
ကသိုဏ်း(၁၀)ပါး၊ အသုဘ(၁၀)ပါး၊ အနုဿတိ(၁၀)ပါး၊အပ္ပမညာ(၄)ပါး၊အာရုပ္ပ(၄)ပါး၊ အာဟာရေ ပဋိကူလ သညာ(၁)ပါး၊စတုဓာတုထ တ္ထန်(၁)ပါး၊ အားဖြင့် (၄၀)ရှိပါတယ်။ထို(၄၀)ထဲမှာမိမိနှစ်သက်ရာ တစ်ခုခုကို သော်လည်း ကောင်းယူပြီး လိုချင်၊ဖြစ်ချင်ရချင်မှုများဖြင့် ထကြွသောင်းကြမ်းနေသော ပရိယုဋ္ဌာန ကိလေသာ ကိုငြိမ်းစေခြင်းဖြစ်ပါတယ်။
ဥပမာ–အနုဿတိ(၁၀)ပါးတွင် ပါဝင်သော (အာနပါန) ထွက်လေ၊ဝင်လေ အာရုံတစ်ခု ကိုယူပြီး
(သတိမြဲရာ၊ပထမာ၊ဒုမှာတိုရှည်သိ။
လုံးစုံသိရာ၊ တ-၌ သာ၊စမှာငြိမ်းစေဘိ။) ဟူသော ထိုကမ္မဋ္ဌာန်း၏ စည်းကမ်းများကို လိုက်နာကာ အာရုံတစ်ခုစိတ်တစ်ခုထားပြီး၊ လိုချင်၊ဖြစ်ချင်ရချင်မှု ငြိမ်းစေခြင်းသည် မိမိနှစ်သက်ရာအာရုံတစ်ခုခုကို ယူ၍ အားထုတ်ခြင်းဖြစ်ပါတယ်။ ကြွင်းကမ္မဋ္ဌာန်းများကိုလည်း ထိုကမ္မဋ္ဌာန်းမှာ ပါဝင်သော စည်းကမ်းချက်များကိုလိုက်နာပြီး ပရိယုဋ္ဌာနကိလေသာ ငြိမ်းအေးအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။
မိမိတို့ မကြာမကြာ တွေ့ကြုံနေရတဲ့ နာရေးကိစ္စများမှာ၊ ထိုအသုဘအာရုံကိုယူ၍ (ဧဝံဓမ္မော၊ဧဝံဘာဝီ၊ ဧဝံ အနတ္တိတော=ငါလည်း ဒီသဘောဘဲ၊ ငါလည်းဒီလိုဖြစ်လိမ့်မယ်၊ ငါ၏ခန္ဓာသည် ဒီသဘော ကိုမလွန် ဆန်နိုင်ဘူး။)ဟုဆင်ခြင်ပြီး လိုချင်။ဖြစ်ချင်၊ရချင်မှု ပရိယုဋ္ဌာန ကိလေသာငြိမ်းစေခြင်းသည်၊ တိုက်ဆိုင်ရာ အာရုံကို ယူ၍ အားထုတ်ခြင်းဖြစ်ပါတယ်။
ဤရိုးရိုးသမာဓိ ကို အားထုတ်ရာမှာ ပရိယုဋ္ဌာနကိလေသာငြိမ်းအေးဘို့ကို အဓိကထားရမည်။ ရှုစရာအာရုံကို အဓိကမထားရပါဘူး။ရှုစရာ အာရုံကို မှီရုံသာမှီရပါမယ်။ အာရုံဘက်ကိုအားမစိုက်ရပါဘူး။
အာရုံဘက်ကိုအားစိုက် အဓိကထားပြီးလုပ်ကြသောကြောင့် ပရိယုဋ္ဌာန ကိလေသာ မငြိမ်းအေးဘဲ၊ တရားမတက်ဘဲ၊ အစွဲတက်နေကြသော သူများ ပဋိပတ် လောကမှာ မြောက်များစွာတွေ့နေရပါတယ်။ ပရိယုဋ္ဌာနကိလေသာ ငြိမ်းအေးဘို့ သမာဓိထူထောင်တာ ကိုလုံးဝမေ့မထားသင့်ပါဘူး။သတိရှိကြပါစေ။
ပျက်နေတယ်လို့ ရွတ်လျင် ဘာဖြစ်လာမယ်၊ဘာရလာမယ် စသည်ဖြင့်မျှော်ပြီး မရွတ်ရဘူး။ လိုချင် တယ်၊ ဖြစ်ချင်တယ်၊ရချင်တယ် ဟူသောစိတ်ဖြစ်ခွင့် မရအောင် စိတ်ရောနှုတ်ပါ ရွတ်ရမယ်။
ပါးစပ်က အသံသူတစ်ပါး ကြားအောင်ထုတ်ရွတ်စရာမလိုပါဘူး။ပါးစပ်လှုပ်ရုံလောက်ပဲ နှုတ်ကရွတ် လျင်ရပါ တယ်။ ပျက်နေတယ်– ဟူသောအနိစ္စသညာကို ထပ်ခါထပ်ခါပွားများလျှင် လိုချင်တယ်၊ ဖြစ်ချင်တယ်၊ ရချင်တယ် —ဟူသောပရိယုဋ္ဌာနကိလေသာကို ပယ်နိုင်ပြီး ငြိမ်ငြိမ်လေး၊ ငြိမ်းငြိမ်းလေး နေနိုင်ခြင်းကို သမ္မာသမာဓိ ဟုခေါ်ပါတယ်။
ထိုသမ္မာသမာဓိကိုပင် ခဏ၊ခဏ ထပ်ခါထပ်ခါရွတ်၍ တည်ရသောကြောင့် ခဏိကသမာဓိဟုလည်း ခေါ်ပါတယ်။ ==================================
အရှင်ဘုရားပြောပုံကတော်တော်လွယ်တာဘဲဘုရား………ခဏိက သမာဓိ ဆို တာ အဲဒါလားဘုရား…….ကမ္မဌာန်းအားထုတ်ပုံကို အသေးစိတ်သိချင်ပါတယ်ဘုရား………ချီးမြှင့်ရှင်းပြပေးတော်မူပါ ရန် တောင်းပန်လျောက်ထားအပ်ပါသည်ဘုရား…
ကို၊မ-ပုညရှင့်
သေသေချာချာ ဖတ်ရှုပူဇော်တဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိပါတယ်။ လက်တွေ့ စမ်းသပ်အားထုတ်ကြည့်လိုက်ပါနော်။ ငြိမ်ငြိမ်လေး နဲအငြိမ်းငြိမ်းလေး နေနိုင်ပါလိမ့်မယ် ။မေးခွန်းကို ဆရာတော် ထံ လျှောက်ထားပေးပါ့မယ်။ ဝိပဿနာ အားထုတ်ပုံကို ဆက်လက် ဖော်ပြထားပါတယ်။ ဆက်လက် ဖတ်ရှု ပူဇော် နိုင်သလို အသံဖိုင်များ ကိုလည်း နာယူနိုင်ပါတယ်ရှင့်။
သစ္စာအလင်း
Site-Admin