သီလဆောက်တည်ပုံ
အရှင်ဓမ္မဓရ—ဒါနပြုပုံကိုတော့ နားလည်ပါပြီဘုရား။အလှူခံပုဂ္ဂိုလ် တွေအမြဲတမ်းရှိနေပါတယ်။ မိမိသားသမီး မှအစ အလှူခံပုဂ္ဂိုလ် တွေဖြစ်နေပါတယ်..။လှူဖွယ်ဝတ္ထုတွေ လည်းအမြဲရှိနေပါတယ်။ စွန့်လွှတ် သောစိတ်ဖြင့် ပေးရစွန့်ရတဲ့ အရာတိုင်း စွန့်လွှတ်တဲ့စိတ် ထည့်တိုင်း ဒါနကုသိုလ် ဖြစ်နိုင် ပါတယ်။
အချိန်ကုန် ငွေကုန်ခံပြီး ပြုလုပ်နိုင်လျင်လည်း မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကိုရွေးပြီး လိုရာကို သာသနာ ၏ အရှည်ခံ၍ တည်တံ့နိုင်သော ဝတ္ထုကို ရွေးပြီးပေးလှူရမှာ ဖြစ်ပါတယ်..။ သီလ၊သမာဓိ၊ ပညာဖြစ် အောင် အထောက်အကူ ပြုနိုင်သော အရာကိုရွေးပြီး ပြုလုပ်ရမယ်လို့ သဘောပေါက် လိုက်ပါ တယ်ဘုရား။သီလဆောက်တည်ပုံ ကိုလည်း ဆက်ရှင်း ပေးတော်မူပါဘုရား။
ဦးဝိဇယ— ဒါနနှင့်ပတ်သက်ပြီး အရှင်ဘုရား သဘောပေါက်သွားတာ အားလုံး မှန်ကန်ပါတယ်ဘုရား။ တရားထွန်းကားရေးကို ဦးစားပေးရမယ်ဘုရား။ သီလတရားကတော့ မိမိဘဝထဲကို ကာယဒုစရိုက်၊ ဝစီဒုစရိုက်တရားများ၊ မဝင်လာအောင် စွန့်လွှတ်သောစိတ်ဖြင့် စောင့်ရှောက်ခြင်းသည် စာရိတ္တသီလဖြစ်ပါတယ်။
မိမိတတ်နိုင်တဲ့အပါးနှင့် တတ်နိုင်တဲ့အချိန်ကို ပိုင်းပြီးဆောက်တည် လို့ရပါတယ်..။ ဥပမာ–သူ့အသက်သတ်ခြင်း အလုပ်ကို တစ်ဘဝလုံး မလုပ်ဘူး။)ဟုလည်းဆောက်တည်လို့ရပါတယ်။(တစ်နာရီအတွင်းမလုပ်ဘူး)ဟုလည်းဆောက်တည်လို့ရပါတယ်။(တစ်မိနစ် အတွင်း မလုပ်ဘူး)ဟုလည်း ဆောက်တည်လို့ရပါတယ်။
အချိန်မရွေး နေရာမရွေး၊ဣရိယာပုတ်မရွေး ၊အလုပ်မရွေး၊ (မလုပ်ဘူး)ဟုစိတ်ထဲက ဆောက်တည် လိုက်လျှင် ဒုစရိုက်အလုပ်များ မိမိဘဝထဲကို မရောက်လာသောကြောင့် သီလဆောက်တည် တယ်ခေါ်ပါတယ်။ ဘုရားရှေ့မှာ သော်လည်းကောင်း၊ ဘုန်းကြီးရှေ့မှာ သော်လည်းကောင်း၊ ယူရင်တော့ ပုဂ္ဂိုလ်ကိုလေးစားသောအားဖြင့် ဂါရဝ၊နိဝါတ ကုသိုလ် လည်းဖြစ်ပါတယ်။ စောင့်ရမှာကတော့ အတူတူ ပါပဲ။ (၅)ပါး၊(၈)ပါး၊(၉)ပါး၊(၁၀)ပါး တို့တွင် မိမိတတ်နိုင်သလောက် အချိန်ကာလကို ဆောက်တည်ရမှာ ဖြစ်ပါတယ်။
အဓိက ကတော့ မိမိဘဝထဲကို ဒုစရိုက်အလုပ် များဝင်မလာအောင် စောင့်ရှောက်ခြင်း၊ စွန့်လွှတ်ခြင်းကို ဝါရိတ္တသီလ ဟုခေါ်ပါတယ်။ဒုစရိုက် ကိုစွန့်လွှတ်နိုင်သလောက် သုစရိုက် ဖြစ်ပါတယ်။
မိမိကာယကံ၊ ဝစီကံ၊ လှုပ်ရှားမှုတိုင်း စွဲလန်းတဲ့ စိတ်မဝင်နိုင်အောင်၊စွန့်လွှတ်သောစိတ်ဖြင့် ဆောက်တည်ခြင်းကို (စာရိတ္တသီလ)လို့ခေါ်ပါတယ်။ နေ့စဉ်၊ညစဉ် ကိုယ်အား၊ဉာဏ်အားစွန့်လွှတ်ပြီး အလုပ်တွေလုပ်နေရပါတယ်။
ထိုအကုသိုလ်အစွဲများ ဝင်မလာအောင် စွန့်လွှတ်သော စိတ်ဖြင့် တားဆီးစောင့်ရှောက် ခြင်းကို (စာရိတ္တသီလ)ဟုခေါ်ပါတယ်။ အကျဉ်းချုပ် အားဖြင့် ဒုစရိုက် အလုပ် နှင့်စွဲလန်းစိတ် မိမိဘဝထဲဝင်မလာအောင် စွန့်လွှတ်သော စိတ်ဖြင့်စောင့်ရှောက် ဆောက်တည်ခြင်းကို (သီလ)ဟုခေါ်ပါတယ်ဘုရား။