Skip to content

စွဲလျှင်+ဆင်းရဲ အကုသိုလ်ပဲ

May 5, 2009

ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရား


အရှင်ဘုရားဟောကြားဆုံးမထားတဲ့ အတိုင်း တရားအားထုတ်တော့မဲ့လူဆိုတာ စိတ်အကြောင်းရယ် ကုသိုလ်၊အကုသိုလ်ရယ် အရင်နားလည်ထားမှ ဖြစ်မယ်ဆိုတာ တပည့်တော် မှတ်သားထားပါတယ် ဘုရား။

တပည့်တော်တို့သတ္တဝါတွေဟာ ဆင်းရဲခြင်းကို အလို မရှိကြပါဘူး။ချမ်းသာခြင်းကိုသာ အလိုရှိကြပါတယ် ဘုရား။ (စွဲလန်းခြင်းကြောင့် ဆင်းရဲတယ်)ဟုအမှန်အတိုင်းသိခဲ့လျှင် ဆင်းရဲမှာကြောက် လို့စွဲလန်း ကြမှာမဟုတ်ပါ ဘူး ဘုရား။


(အကုသလာ-သာဝဇ္ဇ+ဒုက္ခဝိပါကလက္ခဏာဓမ္မာသံဝိဇ္ဇန္တိ= အပြစ်ရှိခြင်း+ ဆင်းရဲကျိုးပေးခြင်း အမှတ်အသား ရှိသောသဘောတို့သည် ထင်ရှားရှိကုန်၏။)—ဆိုတာ.. အကုသိုလ်ရဲ့ Definition လို့တပည့်တော် မှတ်ထား ပါ တယ် ဘုရား။

(၁)စွဲလန်းခြင်းဟူသော အပြစ်ရှိသော အမှတ်အသားလက္ခဏာ နှင့်
(၂)ဆင်းရဲခြင်းဟူသော ဆိုးကျိုးပေးခြင်းအမှတ်အသားလက္ခဏာ (၂)ပါးတို့ နှင့်ပြည့်စုံသော သဘော တို့ကို အကုသိုလ်တရားခေါ်တယ်ဆိုတာ သိသွားပါတယ်ဘုရား။


အကုသိုလ်နယ်ကျယ်ဝန်းကြောင်းကို တပည့်တော် ခုမှသဘောပေါက်ပါတယ်ဘုရား။ မရှိသေးတာကို စွဲလန်း ခြင်း၊ရှိပြီးသားကို စွဲလန်းခြင်း၊ ပျက်စီးသွားတာစွဲလန်းခြင်းဆိုတဲ့ စွဲလန်းခြင်းသုံးမျိုးနဲ့ ဆင်းရဲ မျိုးစုံကြုံနေရသော အကုသိုလ်သဘောကို နားလည်သဘောပေါက်လိုက်ပါတယ်ဘုရား။


(အာသဝတရားတို့သည်—- ဘုံအားဖြင့်ဘဝဂ်တိုင်အောင်..ဓမ္မအားဖြင့်ဂေါတြဘူတိုင်အောင် ယိုစီးနေတယ်)ဆို တဲ့ စာသား လေးကိုလည်းမှတ်သားလိုက်မိပါသေးတယ်ဘုရား။


ဒါပေမဲ့လည်းသတ္တဝါတွေရဲ့စိတ်မှရှိနေတတ်တာ အဝိဇ္ဇာပေါ့နော်ဘုရား။(စွဲလျှင်+ဆင်းရဲ )ဟူသော အမှန် တရားကို(စွဲလျှင်+ချမ်းသာ)လိမ့်မယ်ဟုထင်သော အထင်မှားအဝိဇ္ဇာ တွေတပည့်တော်လည်းရှိခဲ့ပါ တယ် ဘုရား ။


တပည့်တော်တို့ကို အထင်မှားအောင်ဖုံးလွှမ်းထားတဲ့ အတွက် ချမ်းသာချင်လေလေ စွဲလန်း လေလေဖြစ်ခဲ့ရပါ တယ်ဘုရား။အမှန်မှာကတော့ စွဲလန်းလေလေ ဆင်းရဲလေလေဖြစ်ခဲ့တာအမှန်ပါပဲ ဘုရား။


(စွဲလျှင်+ဆင်းရဲ)ဆိုတဲ့ လောကသဘာဝအမှန်တရားက စွဲလန်းသူတိုင်း ဆင်းရဲမယ်လို့သူ့ သဘောသူဆောင် နေတာပါပဲ..။အမှန်တရားကို မသိသေးတဲ့ သတ္တဝါတွေအတွက်ကတော့ အထင်မှားခြင်းအဝိဇ္ဇာ ဆောင် ရာနောက် ကို လိုက်နေရပါတယ်ဘုရား။


အထင်မှားခြင်း အဝိဇ္ဇာကို အမှန်မြင်ခြင်း ဝိဇ္ဇာဉာဏ်နဲ့ မပယ်နိုင်သေးသမျှ စွဲလန်းမှုမျိုးစုံဖြစ်ကာ ပဋိသန္ဓေမျိုးစုံ၊ အိုမှုဒုက္ခမျိုးစုံ။သေမှုဒုက္ခမျိုးစုံ၊ ချစ်ခင်တာတွေနှင့် ကွဲကွာရသောဒုက္ခမျိုးစုံ၊ မုန်းတီးတာတွေနှင့်တွဲဖက်ရသော ဒုက္ခမျိုးစုံဆိုတဲ့—- ဆင်းရဲအဖုံဖုံကို တွေ့ကြုံခံစားရဦးမှာသေချာလှပါတယ်ဘုရား။


အဝိဇ္ဇာကဘယ်လို ဘယ်ပုံဖုံးလွှမ်းထားတာလဲဆိုတာ အရှင်ဘုရားဟော ကြားခဲ့တာ နားလည် မှတ်သားထားပါ တယ် ဘုရား။
စွဲလန်းခြင်း၊ဆင်းရဲခြင်း ဆိုတဲ့ အကုသိုလ်လက္ခဏာ (၂)ပါးမှာ..
(၁)စွဲလန်းခြင်း၊ဆင်းရဲခြင်း(၂)ပါးလုံးကိုအကောင်းထင်ကာဖုံးလွှမ်းခြင်း။
(၂)စွဲလန်းခြင်းကို အကောင်းထင်ကာဖုံးလွှမ်းခြင်း။
(၃)ဆင်းရဲခြင်းကို အကောင်းထင်ကာဖုံးလွှမ်းခြင်း။ဆိုပြီးတော့ သုံးမျိုးရှိနေပါတယ်..။


(၁)စွဲလန်းနေရသည်ကို အဟုတ်ထင်ပြီး ဆင်းရဲအစစ်ကို ချမ်းသာ အဖြစ်ပြောင်းထင်ကာ ဖုံးလွှမ်းသည် ကိုလက္ခဏာ ၂ပါးလုံး လွှမ်းနေတာပါ..။
ဥပမာ- တစ်ဦးနှင့် တစ်ဦးစွဲလန်းနေရတာကို အဟုတ်ထင်ခြင်းကလွှမ်းမိုးထားပါတယ်..။အသက်ရှည် နေရတာ ဟာ စွဲလန်းဘို့ အသက်ရှည်ရတယ်လို့ထင်နေပါတယ်ဘုရား။
တစ်ဘဝလုံး ကျွန်မျိုးစုံခံပြီး ဒုက္ခမျိုးစုံခံနေရတာ ကိုပင် ချမ်းသာတယ်လို့ ထင်ခဲ့ဘူးပါတယ်ဘုရား။


(၂)အချို့သော သူများကတော့ဆင်းရဲတာကို ဆင်းရဲမှန်းသိပါတယ်ဘုရား။ဒါပေမဲ့စွဲလန်းလို့ဆင်းရဲတာဆိုတာ မသိပဲစွဲလန်းတာကိုအဟုတ်ထင်နေတတ်ပါတယ်..။ ထိုသဘောကို စွဲလန်းခြင်းဟူသော လက္ခဏာတစ်ပါးကို အကောင်းထင်ကာ အဝိဇ္ဇာ ဖုံးလွှမ်းခြင်းဖြစ်ပါတယ်..။

ဥပမာ.. အခုခေတ်ပေါ်ချဲထိုးခြင်းကြောင့် ဆင်းရဲကြသည် များကို အမြဲတမ်းမြင်ကြားနေရပါတယ်ဘုရား။ ဆင်းရဲ မှန်းသိကြပါတယ်..ဒါပေမဲ့ မထိုးရမနေနိုင်ခြင်း ကို အဟုတ် ထင်ကာအကောင်း ထင်ကာစွဲလန်း နေကြပါ တယ် ဘုရား ။ဆေးလိပ် သောက်တဲ့လူတွေ၊ ကွမ်းစား တဲ့လူ တွေလည်းသည်လို အဟုတ်ထင်၊ အကောင်းထင် နေတဲ့ စွဲလန်းမှုကြောင့် ဖြစ်ပါမယ်ဘုရား။


(၃) တစ်ချို့သော သူတွေကလည်း တရားထိုင်တယ် ဆိုပြီး ခန္ဓာကိုယ် ကို ပင်ပန်း ဆင်းရဲ အောင် လုပ် လေ့ ရှိကြ ပါတယ်ဘုရား။ခန္ဓာကိုယ် ပင်ပန်းဆင်းရဲ ပြီး၊ကိလေသာတွေ—ဒေါသ၊ မောဟ ဖြစ်နေ တာကိုပင် တရား ထိုင် တာ ကောင်းလိုက်တာ လို့ အထင်မှား မှုက ဆင်းရဲခြင်း အကုသိုလ် လက္ခဏာ ကို ဖုံးလွှမ်းထားပါတယ်။


အရှင်ဘုရားဆုံးမတာကို တပည့်တော် အကျဉ်းချုပ်အားဖြင့် စိတ်မှာ စွဲလန်းခြင်း၊ဆင်းရဲခြင်း တစ်ခုခု ဖြစ်တိုင်း အကုသိုလ်လို့သာ မှတ်ထားလိုက်ပါတယ်ဘုရား။


(စွဲလျှင်+ဆင်းရဲ)ဆိုတဲ့ အကုသိုလ်တရားတွေက အလွန့်အလွန် သိမ်မွေ့တာ ပဲကိုးဘုရား။ သိမ်မွေ့တဲ့အကု သိုလ် တရားတွေကို ပယ်ဘို့ဆိုတာကခက်လှပါတယ်ဘုရား။


ဥပမာ-ရန်သူကို သတ်လိုသောစစ်သားတစ်ယောက်ဟာ ရန်သူရဲ့ လက္ခဏာ အမှတ်အသားနဲ့ ရန်သူနေတဲ့ နေရာကို သိမှသာ သတ်လို့ရသလိုပဲလို့ အရှင်ဘုရားဥပမာ ပေးထားပါတယ်။အကုသိုလ်ကို သတ်လိုရင်လည်း သူတော်ကောင်းသည် စွဲလန်းခြင်း၊ဆင်းရဲခြင်းဆိုတဲ့ အကုသိုလ်ရဲ့ လက္ခဏာ အမှတ်အသား နှင့်အ ကုသိုလ် ဖြစ်ရာ ကာယကံ၊ဝစီကံ၊မနောကံ၊ ကိုသိမှပဲဖြစ်တော့မှာပေါ့ဆိုတာ..တပည့်တော်နားလည်သဘော ပေါက် သွား ပါတယ်ဘုရား။


စွဲလန်းခြင်းအကုသိုလ်ကို အဆုံးအထိ မြင်သိနိုင်တဲ့ ဝိဇ္ဇာဉာဏ်အလွန်လိုအပ်တာ ကိုဆင်ခြင်ပြီး တပည့် တော်ကြိုး စား ပါ့မယ်ဘုရား။
(၁) စွဲလန်းခြင်း၊ဆင်းရဲခြင်း ဟူသော အမှတ်အသားလက္ခဏာ ပါတဲ့ အကုသိုလ်တရားတွေကို မိမိစိတ်မှာ ကိုယ် မှာ တွေ့သိအောင် ဂရုစိုက်ပါ့မယ်ဘုရား။
(၂) စွဲလန်းခြင်းဖြစ်တဲ့ နေရာတိုင်း အကုသိုလ်ရဲ့ ဆန့်ကျင်ဘက် ကုသိုလ်တရား( စွန့်လွှတ်ခြင်း)ကို တည့်သွင်းပါ့မယ်ဘုရား။

နောက်ပြီးတပည့်တော် အကျဉ်းချုပ် မှတ်ဘို့အရှင်ဘုရားပြော ပြတာမှာ…တရားကိုပဲစွဲသည် ဖြစ်စေ..မတရားကို ပဲစွဲသည် ဖြစ်စေ အစွဲမှန်သမျှကို အကုသိုလ်ဟုသိပြီး (စွန့်လွှတ်ခြင်း)ကုသိုလ်ကို စိတ်ထဲထည့်ထားနိုင်ရန်တပည့်တော်ခံယူနှလုံးသွင်းနေပါတယ်ဘုရား။


တပည့်တော် ရိုသေစွာ ရှိခိုးဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: