Skip to content

ကုသိုလ် အကုသိုလ် ခွဲဘို့ရာ (ပဒဋ္ဌာန်)

May 5, 2009

စတုတ္ထ အချက် ကို ဆက် ရေးလိုက်ပါတယ်..။ပဒဋ္ဌာန် ဖြစ်ပါတယ်..။အနီးဆုံးအကြောင်းကို ပဒဋ္ဌာန် လို့ခေါ်ပါတယ်.။ အကြောင်းတရား -၂ မျိုးရှိပါတယ်..။ဝေးသော အကြောင်းနှင့် အနီးဆုံး အကြောင်း ဖြစ်ပါတယ်..။အနီးဆုံးအကြောင်းက ပဒဋ္ဌာန် လို့ခေါ် ပါတယ်..။


ကုသိုလ်တရား၏ အနီးဆုံးအကြောင်း ပဒဋ္ဌာန်မှာ
(ယောနိသော မနသိကာရပဒဋ္ဌာ နံ= အသင့်အားဖြင့် နှလုံးသွင်းခြင်း သည် အနီးဆုံး အကြောင်းဖြစ်သည်) ဟူသည် နှင့် အညီ လောက ကြီး ရဲ့ သဘော အတိုင်း နှလုံးသွင်းခြင်း ကို ကုသိုလ်တရားရဲ့ အနီးဆုံးအကြောင်း ပဒဋ္ဌာန်လို့ခေါ် ပါတယ်..။

ပစ္စည်း များသည် ကောင်းမှု ကံ ကုန်ရင် စွန့် ရမှာ သေချာ ပါတယ်..။ပစ္စည်းများရှိစဉ် မှာ လည်း သေရင် စွန့်ရမှာ သေချာ ပါတယ်..။အလုပ်၊ အာ ရုံ၊ ခန္ဓာ များသည် လည်း အမြဲတမ်းစွန့်ရတဲ့ သဘော ရှိနေပါတယ်..။သေခြင်းဖြင့်လည်းစွန့် ပစ်ရမှာ သေချာ နေပါတယ်..။

 


စွန့်နေရတဲ့ သဘော နဲ့ စွန့်ရမဲ့ သဘော ရှိသော ပစ္စည်း၊ အလုပ်၊ အာရုံ ၊ခန္ဓာ ဟူသော လောက ကြီးကို စွန့် လွှတ် တယ် ဟု နှလုံးသွင်းခြင်းကို ယော နိသော မနသိကာရ= အသင့်အားဖြင့် နှလုံးသွင်းခြင်း လို့ ခေါ်ပါ တယ်.။ စွန့်လွှတ်တယ် ဟူသော နှလုံးသွင်းအမှန် ယော နိသော မနသိကာရ စိတ်မှာ ဖြစ်ရင် (စွန့်လျင် + ချမ်းသာ) ဟူသော ကုသိုလ် ဖြစ်ဘို့သေချာ ပါတယ်..။


အကုသိုလ်တရား၏ အနီးဆုံး အကြောင်းပဒဋ္ဌာန် မှာ

(အယော နိသော မနသိကာရပဒဋ္ဌာနံ= မသင့်သော အားဖြင့် နှလုံးသွင်းခြင်းသည် အနီးဆုံး အကြောင်းဖြစ်၏။ )

ဟူသည် နှင့် အညီ လောကကြီးကို ဆန့်ကျင်ဘက် လုပ်ကာ အထင် မျိုးစုံကို ထည့်ထည့် တွေးပြီး နှလုံးသွင်းခြင်းကို အကုသိုလ် တရား၏ အနီးဆုံး အကြောင်း ပဒဋ္ဌာန် လို့ခေါ် ပါတယ်..။


လောက ကြီးကို အုပ်စုခွဲလိုက်ရင် ပစ္စည်းအမျိုးမျိုး ၊ အလုပ် အမျိုးမျိုး၊ အာရုံ အမျိုး မျိုး၊ ခန္ဓာ အမျိုးမျိုး လို့ ၄-ခုခွဲလို့ရပါတယ်..။ထို လေးမျိုး လုံးသည် နေ့စဉ် စွန့်လွှတ်နေရပါတယ်..။ သေခြင်းအားဖြင့်လည်းစွန့်လွှတ်ရမှာ ဖြစ်ပါတယ်..။ စွန့်လွှတ်ရမဲ့ သဘော ရှိသော လော ကကြီးကို၊ အကြောင်းအမျိုး မျိုး ပြ ပြီး ၊ ချစ်စရာ မုန်းစရာ အထင် များဖြင့် (စွဲလမ်းတယ်) လို့ နှလုံးသွင်းခြင်းကို အယောနိသော မနသိကာရ=မသင့်သော အားဖြင့် နှလုံးသွင်းခြင်း လို့ခေါ်ပါတယ်..။


စွဲလမ်းတယ် ဟူသော နှလုံးသွင်း အမှား အယောနိသော မနသိကာရ စိတ်မှာ ဖြစ်ပေါ်လျင် (စွဲလျင် +ဆင်းရဲ) ဟူသောအကုသိုလ် ဖြစ်ဘို့သေချာ ပါတယ်..။ လောကကြီးကို တည့်တည့်တွေးလျင် နှလုံးသွင်းမှန် ပြီး ထည့်ထည့် တွေးလျင်တော့ နှလုံးသွင်းမှားမှာ ဖြစ်ပါတယ်။


ကုသိုလ်၏ အနီးဆုံးအကြောင်းသည် ယောနိသော မနသိကာရ နှလုံးသွင်းမှန် ခြင်းဖြစ်တယ် လို့သဘောပေါက် လိုက်သော အခါ အစွန်းလွတ် ပြီးချမ်းသာ လာ ပါတယ်..။နှလုံးသွင်းမှန်သော အချိန် သည် ကုသိုလ် ဖြစ်သော အချိန် လို့ အမှန် အတိုင်းနားလည် ရမှာ ဖြစ်ပါတယ်..။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: