Skip to content

ကုသိုလ် အကုသိုလ် ခွဲဘို့ရာ (ပစ္စုပဋ္ဌာန်)

May 5, 2009

ကျွန်မအပါအ ဝင် တစ်ချို့သော လူတော် တော် များများ လုပ်ဆောင်နေမိတတ်တဲ့ ကုသိုလ် တရားတွေ ဆိုတာ ကုသိုလ်လို့ အမည် ခံသော် လည်း အကုသိုလ်တရားများ ဖြစ်ပွားနေကြတတ်ကြပါတယ်..။ ငွေကုန် လူပန်း အချိန်ဖြုန်းပြီး အပါယ်ရောက် ကြောင်း အကုသိုလ် တရားများစုဆောင်းနေမိလျက်သားဖြစ်နေတတ် တာဟာ အလွန့်အလွန် ကို ဝမ်းနည်းဖွယ် ကောင်းလှပါတယ်..။

ကုသိုလ် ဖြစ်သလား မဖြစ်ဘူးလားဆိုတာ တိုင်းတာ ဆန်းစစ် ကြည့် ဘို့ရန် အချက် လေးချက် ရှိတဲ့ အထဲ မှ လက္ခဏာ နှင့် ရသ ကို ရေးသားမျှဝေ ခဲ့ ပြီးဖြစ်ပါတယ်။
ကုသိုလ်လို့ နံမည် တပ် ခါ ဘယ်လို လုပ်လုပ် (စွဲလမ်းခြင်း၊ ဆင်းရဲခြင်း)များကို ပယ် ဖျောက် ဖျက်ဆီးနိုင်မှ ကုသိုလ် ဖြစ်ပါတယ်..မပယ် နိုင် လျင် အကုသိုလ် ဖြစ်ပါတယ်..။


ကုသိုလ် အကုသိုလ် တရားတွေ ဟာ တကယ် တော့ နာ မည် မဟုတ်ပါဘူး။ သဘော တရားများသာ ဖြစ်ပါတယ်..။သဘော အထိ ဉာဏ် မသက် ဝင်နိုင်သော ကြောင့် နာ မည် အမျိုး မျိုး တပ် ကာ ကုသိုလ် များ လုပ်နေကြပါတယ်..။သဘော မပိုင် ဉာဏ် မနိုင် ရင်တော့ လှုပ်လေ မြုပ်လေ သာ ဖြစ်နေ ကြပါတယ်ဘုရား။
အခုပြော ချင်တာ ကတော့ တတိယ အချက် ဖြစ်တဲ့ ပစ္စုပဋ္ဌာန် ဖြစ်ပါတယ်..။ ပစ္စုပဋ္ဌာန် ဟူသည် မှာ မိမိ ဉာဏ် မှာ ထင်လာ နိုင်သော အခြင်းအရာ သာ ဖြစ်ပါတယ်..။


ကုသိုလ်၏ထင်လာ နိုင်သော အခြင်းအရာ ပစ္စုပဋ္ဌာန် မှာ
( ဝေါ ဒါနပစ္စုပဋ္ဌာနံ= ဖြူစင် သန့်ရှင်း အပြစ်ကင်းသော တရားဟု ယောဂီ တို့ ဉာဏ်မှာ ထင်လာ၏)
ဆို သည့် အတိုင်း ကုသိုလ်တရားဖြစ်ပွားလျင် စိတ်ထဲမှာ ဖြူစင် သန့်ရှင်း အပြစ်ကင်းကာကြည် လင်လာ ပါတယ်..။စိတ်မှာ သန့်ရှင်းလျင် နှုတ်အပြော တွေ မှာ အငြိ အကပ် မရှိပဲ သန့်ရှင်းလာ ပါတယ်..။ကိုယ် အမူအရာတွေမှာလည်း တည် ကြည် ခန့်ညားလာ ပါတယ်..။


အကုသိုလ်၏ထင်လာ နိုင်သော အခြင်းအရာ ပစ္စုပဋ္ဌာန် မှာ
( ကာလုဿိယ ပစ္စုပဋ္ဌာနံ= မည်းညစ်ရှုပ်ထွေး၊ အပြစ်ရှိသော တရားဟု ယောဂီ တို့ ဉာဏ်မှာ ထင်လာ၏)
ဆို သည့် အတိုင်း အကုသိုလ်တရားဖြစ်ပွားလျင် စိတ်ထဲမှာ အစွဲများဖြင့်ညစ်နွမ်းလာ ပါတယ်..။ ရှုပ်ထွေး လာပါတယ်..။နေရာတိုင်းကို အပြစ်တင်လာ တယ်။ စိတ်မှာ ညစ်နွမ်းလျင် နှုတ်အပြော တွေ မှာ ညစ်နွမ်းလာပါတယ်..။ကိုယ် အမူအရာတွေမှာလည်း ညစ်နွမ်းလာ ပါတယ်..။


စိတ်မှာ ရှုပ်ထွေးနေလို့ နှုတ်အပြော တွေ မှာလည်းရှုပ်ထွေးနေပါတယ်..။ကိုယ် အမူအရာ တွေမှာ လည်းရှုပ်ထွေးနေပါတယ်..။စိတ်မှာ အပြစ်တင်လိုရင်လည်း နှုတ်အပြောတွေမှာလည်းအပြစ်တင်လာ ပါတယ်..။ကိုယ် အမူအရာတွေမှာလည်း အပြစ်တင်လိုသော အမူအရာတွေ ဖြစ်လာ ပါတယ်..။


အကုသိုလ် ဖြစ်နေသူ ဟုတ် မဟုတ် စစ်ဆေးကြည့်လိုလျင် အရာ အားလုံးကို ချစ်စရာ မုန်းစရာ များဖြင့် အပြစ်တင် နေတာကို ကြည့်ခြင်းဖြင့်ထင်ရှားနေပါတယ်..။


သည် တရားစကား လေးက မှောင် မိုက်နေသော နေရာကို မီးထွန်းပြလိုက် သကဲ့သို့ ကုသိုလ် အကုသိုလ်ဖြစ် မှန်းမသိပဲ အဝိဇ္ဇာ ဖြင့်မှောင် မိုက်နေသော သတ္တ လော က ကြီးကို ပညာ အလင်း၊ သစ္စာ အလင်း ထွန်းပြလိုက် ခြင်းပါပဲဘုရား..။


တပည့်တော်တို့ တစ်တွေသည် ငါ့ကျောင်း၊ ငါ့ဆရာတော်၊ ငါ့ နည်းပညာ၊ ငါသိ၊ ငါတတ်၊ ငါ့တရား ဆိုပြီး ကုသိုလ် နယ်ထဲတွင် ကုသိုလ် ကိစ္စများဆောင်ရွက်နေကြပါ လျက်…ကိုယ့်ဘက် ကို ချစ်စရာ ထင်.. အခြားဘက် ကို မုန်းစရာ ဖြစ်နေတတ်တဲ့ ထည့်ထည့် တွေးမှု မျိုး ကို နောင် ရှောင်ကျဉ်ပါ့ မယ်ဘုရား။


သူတပါးကို အပြစ်တင် ချင်စိတ်၊ အပြစ်တင်သော စကား၊ အပြစ်တင်သော အမူအရာများ ကို ထင်ထင် ရှားရှား သော်လည်းကောင်း၊ အမှတ်တမဲ့ သော် လည်းကောင်း ပြသ နေမိ တတ်တာတွေအား (ပစ္စုပဋ္ဌာန် )ကိုအောက်မေ့ ဆင်ခြင်လျက် သတိကြီးစွာ ထားပါ့မယ်ဘုရား။

ကျေးဇူးတင်စွာ ရှစ်ခိုး ကန် တော့ လိုက် ပါတယ်ဘုရား။

 

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: