Skip to content

စွန့်လျှင်+ချမ်းသာ ကုသိုလ်ပါ

May 5, 2009

ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရား…


အရှင်ဘုရားဟော ကြားရှင်းပြတဲ့ အကုသိုလ် အကြောင်းကိုနားလည်သွားခဲ့ပါတယ်ဘုရား။

အဲဒီအခါမှာ..(စွဲလန်းခြင်းအဆုံးမြင်လျှင်..ဆင်းရဲခြင်းဆုံးလိမ့်မယ်) ဆိုတာ အလွန် ဉာဏ်ထက် မှသာ သိနိုင် တာ ပေါ့နော် ဘုရား။


လိုချင်တာမရှိတော့အချိန်ဟာ လိုချင်တာ ပြည့်စုံတဲ့ အချိန်ပဲဆိုတဲ့ စကားလုံးလေး ကလည်း..စိတ်ဝင် စားစရာပါဘုရား။တပည့်တော် ကြုံဘူးမှသာ ပြန်ပြောင်း ပြောပြနိုင် ပါလိမ့်မယ် ဘုရား။ စွဲလန်း ခြင်း ကင်းအောင်တော့ကြိုးစားနေပါတယ်ဘုရား။

ကုသိုလ်တရားဟူသည်..
ကုသလာ-အနဝဇ္ဇ+သုခဝိပါကလက္ခဏာဓမ္မာသံဝဇ္ဇန္တိ=အပြစ်ကင်းခြင်း၊ချမ်းသာအကျိုးပေးခြင်း
အမှတ်အသားရှိသော သဘောတို့သည်ထင်ရှားရှိကုန်၏။လို့ဆိုတဲ့ အတိုင်း အပြစ်ကင်းခြင်းလက္ခဏာ တစ်ပါး နှင့် ချမ်း သာအကျိုးပေးခြင်းလက္ခဏာတစ်ပါး လက္ခဏာ(၂)ပါးပြည့်စုံရင် ကုသိုလ်လို့ခေါ်တာ တပည့်တော် မှတ် သား ထားပါတယ်ဘုရား။


အပြစ်ကင်းခြင်းဆိုတာ စွဲလန်းခြင်းကနေကင်းနေရမှာပေါ့ဘုရား။စွဲလန်းခြင်းမှကင်းတယ် ဆိုတာ စွန့်လွှတ်ခြင်း ပဲဖြစ်နေပါတယ်..။စိတ်မှစွဲလန်းခြင်းရှိလျှင်အပြစ်ရှိပါတယ်..။

အပြစ်နှင့်တကွဖြစ်ခြင်းလို့ လည်း ဆိုနိုင်ပါတယ်..။စွန့်လွှတ်ခြင်းပါပဲ..။(စွန့်လွှတ်ခြင်းနှင့် ချမ်းသာခြင်း)လက္ခဏာ ဟုလက္ခဏာ (၂)ပါးဖြစ်တာပေါ့ဘုရား။

(၁) ကိုယ် ပိုင်ကိုယ် ဆိုင်ဟု ရှိပြီးဖြစ်ပြီးသားကို (စွန့်လွှတ်မယ်)ဟု ပုဗ္ဗစေတနာ ဖြစ်ခြင်းကြောင့် ချမ်းသာခြင်း အမှတ် အသားရှိသော လက္ခဏာ။
(၂) ကိုယ် ပိုင် ကိုယ် ဆိုင်ဟုရှိပြီး၊ဖြစ်ပြီးသားကို (စွန့်လွှတ်တယ်)ဟု မုဉ္စစေတနာ ဖြစ်ခြင်းကြောင့် ချမ်းသာ ခြင်း အမှတ် အသားလက္ခဏာ။
(၃) ကိုယ် ပိုင် ကိုယ်ဆိုင်ဟု ရှိပြီး ဖြစ်ပြီးသားကို စွန့်လွှတ်ပြီး၊ (စွန့်ပြီးထားတာ ကို ဝမ်းသာတယ်)ဟုပရ စေတ နာ ဖြစ်ခြင်းကြောင့် ချမ်းသားခြင်းအမှတ်အသားလက္ခဏာ အားဖြင့် စေတနာသုံးပါးကို ခွဲခြား သိနိုင် တာဆို တာကိုလည်းတပည့်တော် သဘောပေါက်ပါတယ် ဘုရား။


ကိုယ် ပိုင် ကိုယ် ဆိုင်ဆိုတာ..တကယ် တော့(၃၁)ဘုံလုံးပါတာပဲနော်..။အုပ်စုခွဲလိုက်ရင်တော့
၁။သက်ရှိ၊သက်မဲ့၊စီးပွားဥစ္စာ
၂။အလုပ် အမျိုးမျိုး
၃။အာရုံအမျိုးမျိုး
၎။ခန္ဓာ အမျိုးမျိုး ရှိနေတာရယ်…ထို လေးပါးကို (စွန့်လွှတ်မယ်၊စွန့်လွှတ်တယ်။စွန့်ပြီးတာကို ဝမ်းမြောက်တယ်)….ဆိုတဲ့ စွန့်လွှတ်ခြင်းစေတနာတွေထည့်သုံးရင် ကုသိုလ် ဖြစ်တယ်လို့ နားလည်ထားပါတယ်ဘုရား။


တပည့်တော်သဘောပေါက်လိုက်တာကတော့…စီးပွားဥစ္စာ၊အလုပ်၊အာရုံ၊ခန္ဓာ ဆိုတဲ့လေးပါးတို့သည်…သုံးစရာတွေဖြစ်ပါတယ်..။ကုသိုလ်နဲ့အကုသိုလ်ကတော့ သုံးစရာတွေကို အသုံးပြုတဲ့ (၂)ပါးဖြစ်ပါတယ်..။

သုံးစရာလေးမျိုးမရှိတဲ့ သတ္တဝါ ဟာ (၃၁)ဘုံမှာမရှိပါဘူး။အသုံးပြုတာ ပဲကွာ ခြားနိုင်ပါတယ်ဘုရား။


အရှင်ဘုရားတပည့်တော်တို့ကို ရှင်းပြတာ…မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် တစ်ရပ်လုံးကို အကျဉ်း ချုပ်လိုက်လျှင်…သုံးစရာလေးမျိုးကို အကုသိုလ်နဲ့မသုံးပဲ..ကုသိုလ် စိတ်၊ကြိယာ စိတ်များ နှင့်သာ သုံး တတ် အောင်သင်ပေးခြင်းသာဖြစ်တယ်လို့ တပည့်တော် ခံယူကျင့်သုံးနေပါတယ်ဘုရား။


(၁)စီးပွားဥစ္စာ များကို စွန့်လွှတ်တဲ့စိတ်နဲ့ စိတ်ချမ်းသာအောင်ထားပြီးသုံးတတ်လျှင်..၊(ဒါနကုသိုလ်)ဖြစ်ပါတယ်..။စီးပွားဥစ္စာကို စွဲလန်းသောစိတ်ဖြင့် စိတ်ဆင်းရဲခံပြီးအသုံးပြုလျှင် (အကုသိုလ်)ဖြစ်ပါတယ်..။


(၂) အလုပ် အမျိုးမျိုးကို လုပ်တဲ့ အခါမှာ..ကာယကံ၊ဝစီကံ လှုပ်ရှားမှုတိုင်း ခန္ဓာကိုယ် ရဲ့ အင်အားကို အမြဲစွန့်လွှတ်နေရပါတယ်..။

သူ့အသက်သတ်ခြင်း၊သူတစ်ပါးဥစ္စာခိုးခြင်း။ကာမဂုဏ်များမှားယွင်းစွာကျင့်ခြင်း (အဗြဟ္မစရိယမှုပြုခြင်း)ဟူသော ကာယဒုရိုက်သုံးပါး၊လိမ်ညာခြင်း၊ရန်တိုက်ခြင်းနှုတ်ကြမ်းခြင်း၊ အရှော် အပြစ်ပြောခြင်းဆိုတဲ့ ဝစီဒုစရိုက်တွေကို ရှောင်ရှားပြီး မိမိပြုလုပ်သော ကာယကံ၊ဝစီကံ၊ အလုပ်တိုင်းမှာ စွန့်လွှတ်သော စိတ်ဖြင့်စိတ်ချမ်း သာအောင် ထားပြီး သုံးတတ်ခြင်းကို (သီလကုသိုလ်)လို့ခေါ်ပါတယ်..။


(၃)အာရုံအမျိုးမျိုးကို အာရုံပြုသော အခါ…စွန့်လွှတ်သော စိတ်ဖြင့်သိပြီး စိတ်ချမ်းသာ အောင်ထား ပြီးသုံး တတ် ခြင်းကို (သမထကုသိုလ်)လို့ခေါ်ပါတယ်..။အာရုံအမျိုးမျိုးကို အာရုံပြု သော အခါစွဲ လန်းသော စိတ်ဖြင့်သိပြီး စိတ် ဆင်းရဲခံနေခြင်းသည်အကုသိုလ်ဖြစ်နေတာပေါ့ဘုရား။


(၄)ခန္ဓာ အမျိုးမျိုးဟာ ဘာမှ မဟုတ်ကြောင်း အနိစ္စ၊ဒုက္ခ၊ အနတ္တ တို့၏သဘော တွေကို သိပြီး စွန့်လွှတ်သော စိတ်ဖြင့်စိတ်ချမ်းသာအောင်နေတတ်ခြင်း ကို(ဝိပဿနာကုသိုလ်) လို့ခေါ်ပါတယ်..။
ခန္ဓာ အမျိုးမျိုးပေါ်မှာ အထင် အမျိုးမျိုးဖြင့်စွဲလန်းသောစိတ်ဖြင့်သိပြီး စိတ်ဆင်းရဲခံနေခြင်းသည် အကုသိုလ် ဖြစ်နေတာပေါ့ဘုရား။ဝိပဿနာ နဲ့ပတ်သက်ပြီးအလွန်ကျယ်ဝန်းစွာရှိနေမှာမို့ ဆက်လက် ပြီးမိန့်တော် မူပါအုံးဘုရား။


အခုတော့ တပည့်တော် သဘောပေါက်ပါပြီဘုရား။တပည့်တော် တို့ရဲ ကိုယ်ပိုင် ကိုယ်ဆိုင်ဖြစ်တဲ့ (သက်ရှိသက်မဲ့စီးပွားဥစ္စာ၊အလုပ်အမျိုးမျိုး၊ အာရုံအမျိုးမျိုး၊ ခန္ဓာ အမျိုးမျိုး)ကို ကုသိုလ် နဲ့သုံးတတ် ဘို့သာ လိုပါ တော့တယ်ဘုရား။

 

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: