Skip to content

ရွှေအိုးရတာ ထက် တန်ဘိုးကြီးသော အသိ

May 3, 2009

ကျေားဇူးတော်ရှင် မူလဓမ္မ ဆရာတော် ဦးဝိဇယ ပြောတာ လေးကို ပဲ ဆက် ပြီးရေးလိုက် ပါတယ်..။ တည့်တည့် တွေးပါ ထည့်ထည့် မတွေးပါနဲ့ ဆိုတဲ့ အသိလေးကို ရတာ ဟာ အလွန့် အလွန့် ကို တန်ဘိုးရှိသွားပါတယ်..။ဣ စ္ဆာ သယရွှေအိုးကို ရလိုက် သူထက်ပင် တန်ဘိုးရှိသွားပါတယ်..။

ဣ စ္ဆာ သယရွှေအိုး ရထားသူတွေဟာ စားဝတ်နေရေး အားလုံးလိုတရ ဖြစ်ကြတယ်..အားလုံးလည်း အဆင်ပြေကြပါတယ်..။ဒါပေမဲ့ ရွှေအိုးကို မစွန့်နိုင်သော ကြောင့် စောင့်ရှောက်ရသော ဒုက္ခ နှင့် သေခြင်းတရားလာ မှာ စိုးရိမ်ရသော ဒုက္ခ များရှိပါသေးတယ်..။

သိစရာ များကို သိခြင်း မှ ဖြစ်သော လော ကကြီး ကို (သိစရာ) လို့ တည့်တည့်လေးတွေး လိုက်သော အခါ ချစ်စရာ မုန်းစရာ လို့ထည့်ထည့် တွေးသော ပြဿနာများအားလုံး ငြိမ်းအေးသွားပါတော့တယ်..။

နေရေးမှာ လာဘ၊ ယသ၊ ပသံသ၊ သုခ ဟူသော ကောင်းသော လော ကဓံ(၄)ပါးနှင့်တွေ့ရလည်း သိစရာ မျှ သာ ထားနိုင်တော့ ချစ်စရာလို့ထည့်တွေး ကာ လောဘ ၊ မာန များ တက် ပြီးအပါယ် ကျရမယ့် ဘေးဒုက္ခ မှ ကင်ဝေးစေပါတယ်။

အလာဘ၊အယသ၊ နိန္ဒာ၊ဒုက္ခံ ဟူသော ဆိုးတဲ့ လောကဓံ(၄)ပါး နှင့်တွေ့ရလျင် လည်းသိစရာမျှသာ ထားနိုင်ရင်တော့ မုန်းစရာလို့ထည့်တွေးကာ ဒေါသ၊ သောကများတက် ပြီး အပါယ် ကျရမယ့် ဘေးဒုက္ခမှ ကင်းဝေး စေပါတယ်။

နေရေးမှာသိစရာ မျှသာထားပြီး အဆင်ပြေရင်လည်း ၊သေရေးမှာလည်း အဆင်ပြေနိုင်ပါတယ်။ဒီဘဝဆိုတာလည်းသိစရာမျှသာ ရှိတယ်..။နောင်ဘဝဆိုတာလည်း သိစရာ မျှသာ ရှိတယ်။ချစ်စရာ မုန်းစရာ လို့ ထည့်ထည့်တွေးသော ကြောင့် ဘဝနှင့် ပတ်သက်သောပြဿနာ များအားလုံးအဆင်ပြေ သွားပါတယ်..။

လောကကြီးကို မချစ်တတ် မမုန်းတတ်တဲ့လူ ဖြစ်လာ နိုင် ပြီး အကျိုးရှိသော အလုပ်ကို သာ များများလုပ်ကိုင် နိုင် ကြပါလိမ့်မယ်..။ ဣ စ္ဆာ သယရွှေအိုး ရသူမှာ ဒုက္ခများစွာ ရှိသေးသော်လည်း ဒီအဓိပ္ပါယ်လေး ကို ရတဲ့ သူမှာ ဒုက္ခအားလုံးငြိမ်းအေးသွားပါတယ်..။ထို့ကြောင့် ဣ စ္ဆာ သယရွှေအိုး ရရှိသူထက် ပင် တန်ဘိုးကြီးပါတယ် လို့ ပြော ခြင်းဖြစ်ပါတယ်။

လော ကမှာ ရောထွေးနေတဲ့ အကောင်းအဆိုး အမှားအမှန် ကို ဒီတရားလေး ကလျင် မြန်စွာ ခွဲ ခြား နိုင်သော ကြောင့် ပညာ ကို ဖြစ်စေပါတယ်။ သိစရာ မျှကို တည့်တည့်တွေးပါ ဟူသော တရားစကားလေးဟာ အကောင်းဆုံးနဲ့အမှန်ဆုံး ကို သိမြင်နိုင်သော ဉာဏ်ပညာ ကို ဖြစ်စေပါတယ်။

(ချစ်စရာ မုန်းစရာ အထင်များဖြင့် ထည့်ထည့် မတွေးပါနဲ့ ) ဟူသော တရားစကားလေး ဟာ လည်း  အဆိုးဆုံးနဲ့ အမှားဆုံးကို သိမြင်နိုင်သော ဉာဏ်ပညာ ကို ဖြစ်စေနိုင်ပါတယ်..။အမှားအမှန် ခွဲခြားသိရာ မှာ အလွန် ခရီး ရောက် သော တရားစကားဖြစ်ပါတယ်။

စာဖတ်ရာ မှာ ဖြစ်စေ တရားနာ ရာ မှာ ဖြစ်စေ၊ တရားဆွေးနွေးရာ မှာ ဖြစ်စေ သိစရာ မျှသာ အဖြစ်ဖြင့် နှလုံးသွင်းနိုင်အောင် ကြိုးစားသွားပါ့မယ် ဘုရား။ မကြိုးစားလို့လည်း မဖြစ်တော့ပါဘူးအရှင်ဘုရား။ တပည့်တော်တို့ လေ့ကျင့်ခဲ့တာ တွေ ကအပါယ် ကျ ဘို့ အလွန်သေချာ နေပါတယ် ဘုရား။

စာ ဖတ်ရာ မှာ လည်းကိုယ့်ရှိတဲ့ အသိလေးတစ်ထွာ တစ်မိုက် နဲ့ ချစ်စရာ မုနးစရာ အဖြစ်ထည့်တွေးကာ စာရေးဆရာ များကို ပြစ်မှားခဲ့တာ မနည်းပါဘူးဘုရား။တရားနာ ရာ မျာလည်း ကိုယ်သိထားတဲ့ ထည့် စရာ များနှင့် ချစ်စရာ မုန်းစရာ အဖြစ် ထည့် ထည့် တွေးပြီး တရားဟော ပုဂ္ဂိုလ်များကို ပြစ်မှားမိတာ တွေလည်း များလှပါ ပြီဘုရား။

တရားဆွေးနွေးရင် လည်း ဒီအတိုင်းပါပဲ။အနိမ့်အမြင့် အထင်မှားတွေကို ချစ်စရာ မုန်းစရာ အဖြစ် ထည့် ထည့် တွေးပြီး ပြစ်မှားခဲ့တာ တွေလည်း မနည်းပါဘူး။ ကိုယ် ပြစ်များတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အရိယာ ပုဂ္ဂိုလ် များမပါဘူးလို့ မပြော နိုင် ပါဘူး ဘုရား။အရိယာ ပုဂ္ဂိုလ်တွေသာ ပါခဲ့ရင် အရိယူပဝါဒ ကံထိုက် ပြီး အပါယ် ကျ ဘို့သေချာ နေပါတယ် ဘုရား။

တပည့်တော် ဒီ အသိဉာဏ်လေးကို မျှဝေခွင့် ပြုပါဘုရား။ အချိန်မီလေး သည် အသိဉာဏ်ကို မရရင်တပည့်တော်တို့ တတွေသည် ……..

(တတွေတွေ သေလို့သွားရင် လှ၊ တဖွားဖွား အောက် နယ် မှာ ၊ ယမနယ် ဘုံအနှံ့ အကုန်လုံးစုကြမည်သာ)ဟူသော လယ် တီ ဆရာေ တာ် ကြီး၏ တေးတပ် အတိုင်း ဖြစ်ကြရပါတော့မယ် ဘုရား။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: